သတင်းနှင့် လှုပ်ရှားမှုများ
၁၅.၁.၂၀၁၂၀ ရက်နေ့ ၀၉:၀၀ နာရီတွင် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန မှ ဝန်ထမ်းများသည် မွန်ပြည်နယ်ချောင်းဆုံမြို့နယ် အထက (ခွဲ)ဒရယ် ကျောင်း၌ ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၂၆၆) ဦးအားလည်းကောင်း၊ ၁၁:၀၀ နာရီတွင် အမက (ဒရယ်) ကျောင်း၌ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၁၈) ဦးအားလည်းကောင်း စားသုံးသူ ကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးခဲ့ပြီး ကျောင်းမုန့်ဈေးတန်းအား စစ်ဆေးခဲ့သည်။<
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/4.png?itok=JhFDhI8q)
၁၅.၁.၂၀၂၀ ရက်နေ့တွင် ကျိုက်မရောမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူး ခန်းမ၌ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် (၂/၂၀၁၉) နှင့် စားသုံးသူ ကာကွယ် ရေးဥပဒေ ပြဌာန်းချက် အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်ပတ်သက်သည့် အသိပညာပေးခြင်းကို ပြုလုပ်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ မြန်မာနိုင်ငံစားသုံးသူသမဂ္ဂအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၃.png?itok=4-iax-4P)
၁၄.၁.၂၀၂၀ ရက်နေ့တွင် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် အရပ်ဘက်လူမှု အဖွဲ့အစည်း ဖြစ်သော မွန်ပြည်နယ်စားသုံးသူသမဂ္ဂတို့ပူးပေါင်း၍ မော်လမြိုင်မြို့ပေါ်ရှိ အမှတ် (၁) အောက်ဈေး တွင် စားသောက်ကုန်၊ အလှကုန်များရောင်းချသည့် ဈေးဆိုင်ပေါင်း (၆၀) ခန့်အား ကုန်အညွှန်း အမှတ်အသားညွှန်ကြားချက် (၂/၂၀၁၉) နှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်၊ ဆိုင်ရှင်များအား သိရှိ လိုက်နာ ဆောင်ရွက်နိုင်ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ရှင်းလင်း ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၂.png?itok=KPJ6OqiK)
၁၃.၁.၂၀၂၀ ရက်နေ့တွင် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ကျိုက်မရောမြို့နယ် ပြန်ဆက်ဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေးနှင့် စားသုံးသူကာကွယ်ပေးရေး အသိပညာပေး ဆွေးနွေးဟောပြောခြင်းကို အထက (ချောင်းနှစ်ခွ) နှင့် အထက (တောင်ကလေး) ကျောင်းများ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/1.png?itok=w12aNPjg)
၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ ဆေးဆိုင် (၆) ဆိုင်အား ဘေးဥပါဒ်အန္တရာယ် ဖြစ်စေနိုင်သော ဆေးဝါးများ၊ သုံးစွဲရန် မသင့်ကြေညာထားသော တရားမဝင်၊ လိုင်စင်မဲ့၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှု ရှိ/မရှိ၊ ကောင်းမွန်သော ဆေးဝါးရောင်းချမှုကျင့်စဉ်နှင့်အညီ ဆေးဝါးများရောင်းချမှု ရှိ/မရှိကို ရှောင်တခင် ကွင်
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/Untitled.png?itok=iGUblPws)