သတင်းနှင့် လှုပ်ရှားမှုများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဉီးစီးဌာန၊ ရန်ကုန်တိုင်းဒေသ ကြီး၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဝန်ထမ်းများသည် နိုဝင်ဘာလ (၂၂)ရက်နေ့တွင် အင်းစိန်မြို့နယ် အတွင်းရှိ ပုဂ္ဂလိကဘဏ်များဖြစ်သည့် ဧရာ၀တီဘဏ်နှင့် မြန်မာ့ရှေ့ဆောင်ဘဏ်များသို့ စားသုံးသူ ကာကွယ်ပေးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများ ကျင်းပခဲ့သည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/22.12.jpg?itok=Ig8EDCzL)
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ စားသုံးသူအခွင့်အရေး ချိုးဖောက်မှု မရှိစေရန်နှင့်ဘေးအန္တရာယ်ကင်းရှင်းစေရန် ရေးဆွဲဖော်ပြထားသော စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉) အခန်း (၁၈) ပါ ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ဒလမြို့နယ်အတွင်းရှိ ကုန်ပစ္စည်း ထုတ်လုပ်/ ဖြန့်ဖြူး/ ရောင်းချသူများသိရှိ လိုက်နာစေရန်အတွက် အသိပညာပေးဟောပြောပွဲ အား ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၇) ရက်၊ နံနက် (၉:၀၀) နာရီတွင် ဒလမြို့နယ် အောင်ဇေယျဈေးရှိ ဈေး တာဝန်ခံရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ စာ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/27.12.2020.jpg?itok=ImGsYKVK)
စားသုံးသူကာကွယ်ရေးနည်းဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း၍ အများပြည်သူထံ သဘော ထားရယူဆွေးနွေးသည့် အလုပ်ရုံဆွေးနွေးပွဲ (Public Consultation Workshop for Consumer Protection Rules – Draft) ကို မန္တလေးမြို့ Hotel Hazel Mandalay တွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ရက်နေ့ နံနက် ၉:၃၀ နာရီ အချိန်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/Group Foto.jpg?itok=fyX0jiyG)
နေပြည်တော် ဒီဇင်ဘာ ၁၈
Consumer Complaint Management System သင်တန်းဖွင့်ပွဲအခမ်းအနားကို စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ် ရုံးအမှတ်(၅၂) နေပြည်တော်၌ (၁၈.၁၂.၂၀၁၉) ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် ကျင်းပခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးမြင့်လွင်က အဖွင့်အမှာ စကားပြောကြားပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/80715255_460356764877044_2884256159160598528_n.jpg?itok=QCrvLFSw)
အိမ်သုံးလျှပ်စစ်နှင့်အီလက်ထရောနစ်ပစ္စည်းများအတွက် စားသုံးသူကာကွယ်ရေး (ဘေးအန္တရာယ် လုံခြုံစိတ်ချရမှုလိုအပ်ချက်များ) ဆိုင်ရာ စည်းမျဉ်းဥပဒေများ ထုတ်ပြန်ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း သည့် ညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ(၁၃) ရက်၊ သောကြာနေ့၊ နံနက် ၁၀:၀၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃) အစည်းဝေးခန်းမ၌ ကျင်းပခဲ့ရာ အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/79219166_425589598324598_906570869227126784_o.jpg?itok=K0gk61kg)