သတင်းနှင့် လှုပ်ရှားမှုများ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့ ရပ်ကွက်များအတွင်းရှိ စတိုးဆိုင်/ကုန်စုံဆိုင်များနှင့် မြို့မစျေး အတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော ဟင်းခတ်အချိုမှုန့်များ အလေးချိန်မှန်ကန်မှုရှိ မရှိ ၁၅.၁.၂၀၂၀ ရက်နေ့ နံနက် (၁၀)နာရီချိန်တွင် စားသုံးသူရေးရာဦးစီးဌာန FDA စည်ပင်သာယာရေးဌာနတို့ ပူးပေါင်းပါဝင်သောအဖွဲ့မှ ကွင်းဆင်းစစ်ဆေးအသိပညာပေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ စားသုံးသူရေးရာဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူးဦးဆောင်သောအဖွဲ့မှ Golden Fish ၊ Crown ထိုင်းဇ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/82919356_601928773974861_1237289939498958848_n.jpg?itok=XlNhQJYN)
၂၀၂၀ပြည့်နှစ် ဇန်နဝါရီ(၁၂)ရက်နေ့တွင် မကွေးမြို့ပသာဒဟိုတယ်၌ ကျင်းပပြုလုပ်သည့် မကွေးတိုင်းဒေသကြီး ရေသန့်လုပ်ငန်းရှင်များအသင်း ဒုတိယအကြိမ် သင်းလုံးကျွတ်နှစ်ပတ်လည် အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေး ဥပဒေနှင့်စပ်လျဉ်း၍ အသိပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/3_0.jpg?itok=zqcnAs_B)
ကျိုင်းတုံဒေသအတွင်း ရေ မြေ ရာသီဥတုနှင့်ကိုက်ညီသည့် စျေးကွက်ဝင် နှစ်ရှည်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးရည်ရွယ်၍ ကျိုင်းတုံကော်ဖီအစုအဖွဲ့နှင့် GIZ အဖွဲ့တို့ပူးပေါင်း၍ (Coffee Innovation Fund Project) အဖြစ် (၁၄-၁-၂၀၂၀)ရက်နေ့တွင် ကျိုင်းတုံမြို့ မိုင်းဇင်းကျေးရွာအုပ်စု၊ ဂျဒယ် အာခါရွာ စိုက်ပျိုးရေးခြံတွင် နည်းပညာပံ့ပိုးနိုင်ရေးအစီအစဉ်တစ်ရပ်ကျင်းပခဲ့ပါသည်။ အဆို ပါနည်းပညာပေးရေးအစီအစဉ်သို့ အာခါတိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်၊
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/photo.png?itok=Cd9uQsVi)
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးသစ် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ညောင်ဦးခရိုင်ဦ ညောင်ဦးမြို့နယ်၊ ကုန်းတန်းကြီး ကျေးရွာအုပ်စု၊ ခရိုင်ရုံးများမြေနေရာ၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမြေနေရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး၊ မန္တလေးတိုင်းဒေသကြီး၊ စီမံကန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဦးမြတ်သူ၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/82531555_2798193250244848_353757700049338368_n.jpg?itok=ajuI1wE_)
၁၀.၁.၂၀၂၀ ရက်နေ့ တွင် မွန်ပြည်နယ်စားသုံးသူရေးရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံးတွင်ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်စားသုံးသူရေးရာ ကော်မတီ ဥက္ကဌ ပြည်နယ်စီမံဘဏ္ဍာဝန်ကြီးက အမှာစကားပြောကြားပြီး အတွင်းရေးမှူး ဦးခင်အောင်သွင်က ကော်မတီဖွဲ့စည်းမှုဥပဒေပါပြဌာန်းချက်များ၊ ဌာန၏ လက်ရှိဆောင်ရွက်မှု အခြေအနေများရှင်းလင်းဆွေးနွေးကာ ကော်မတီဝင်များမှအကြံပြုဆွေးနွေးကြပြီး နောက်ဝန်ကြီးမှ ဆက်လက်အကြံပြုနိဂုံးချုပ် စကားပြောကြားခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/2.png?itok=nrCjaXvZ)