သတင်းနှင့် လှုပ်ရှားမှုများ
၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၄)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးကော်မတီ၊ မြို့နယ်မွေးကုဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် ပြန်ဆက်ဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့မစည်ပင်သာယာဈေး စားသုံးသူရေးရာအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သော စုစုပေါင်း အင်အား(၁၃)ဦးပါ ပူးပေါင်းအ

၃၁.၁.၂၀၂၀ ရက်နေ့တွင် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ရေးမြို့နယ်တာဝန်ခံတို့သည် ရေးမြို့နယ် အထွေထွေအုပ်ရေးမှူးရုံး၌ စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ အသိပညာပေး ဟောပြောဆွေးနွေးခဲ့ရာ အဆိုပါဆွေးနွေးပွဲသို့ ရေးမြို့နယ် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ ရေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ ဝန်ထမ်းများ စုစုပေါင်း (၆၅) ဦးတက်ရောက်ခဲ့ပါသည်။

ဧရာတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီ၏ ပထမအကြိမ် ၁/၂၀၂၀ အစည်းအဝေးကို ၂၈.၁.၂၀၂၀ ရက်နေ့တွင် ပုသိမ်မြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံး၌ ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီး တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီဥက္ကဌ ဦးဌေးဝင်း၊ ဒုက္ကဌ ဦးဝင်းမြင့်၊ အတွင်းရေးမှူး တိုင်းဦးစီးမှူး ဦးစိုးအောင်၊ စားသုံးသူရေးရာကော်မတီဝင်များ၊ ဒုတိုင်းဦးစီးမှူး၊ ဌာနခွဲမှူးများနှင့် ခရိုင်ဦးစီးမှူးများ စုစုပေါင်း (၂၁) ဦးတက်ရောက်ခဲ့ပါသည်

၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၄)ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မောင်း ဦးဆောင်ပြီး အသေးစားစက်မှုလက်မှုဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဓဝါသီးနှံစိုက်ပျိုးရေးမှသည် ရက်ကန်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ အလုပ်ရုံဆွေးနွေးပွဲ အောင်မြင်စည်ကားစွာ ကျင်းပနိုင်ရေး အကြိုညှိနှိုင်း အစည်းအဝေးကို စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၊ ဆိပ်ခွန်ကျေးရွာ၌ ကျင်းပခဲ့ပါသ

၂၉.၁.၂၀၂၀ ရက်နေ့ တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံပြောင်း လုပ်ငန်းအသင်း တို့ပူးပေါင်း၍ အစေ့ထုတ်ပြောင်းသီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ညောင်ကျိုးအုပ်စု၊ နိဂြောဓာရုံကျောင်းတိုက် ဓမ္မဗိမာန်တော်၌ ကျင်းပပြုလုပ်ခဲ့ပြီး တောင်သူများနှင့် ဖိတ်ကြားထားသူများ စုစုပေါင်း (၂၆၈) ဦး တက်ရောက်ခဲ့ပ
