သတင်းနှင့် လှုပ်ရှားမှုများ
၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၂၉) ရက်နေ့တွင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၀) ကို ကျင်းပခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉.၁.၂ဝ၂ဝ) ရက်နေ့ ၌ ရပ်စောက်မြို့၊ အ.ထ.က(၁) ကျောင်းနှင့် အ.ထ.က(ဗထူးတပ်) ကျောင်းများတွင် သွားရောက်၍ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲ ပြုလုပ် ကျင်းပခဲ့ပါသည်။

ရှမ်းပြည်နယ်တောင်ကြီးမြို့၊ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းရုံး အစည်းအဝေးခန်းမတွင် ပြောင်းမှေျာ်မှန်းချက် ၂ဝ၂ဝဒေါ်လာဘီလီယံ ကုန်သွယ်မှု အခွင့်အလမ်း စီမံချက်ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီလ(၂၉)ရက်နေ့၊ နံနက်(၉:၃ဝ)နာရီအချိန်ကကျင်းပခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးအောင်ဆန်းဝင်းတို့ တက်ရောက်ခဲ့ကြပါသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့ရှိ အသေးစားစားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်း ရှင် များအား ၂၄.၁.၂၀၂၀ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန ဒုတိယပြည်နယ် ဦးစီးမှူးရုံး (ကျိုင်းတုံ) ၌ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ပါ ကုန်အညွှန်း အမှတ်အသားဆိုင်ရာအချက်များ ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

၂၈.၁.၂၀၂၀ ရက်နေ့ နံနက် (၁၀)နာရီတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့မစျေးအတွင်းရှိ အလှကုန် စားသောက်ကုန်နှင့် ဆေးဆိုင်များအား FDA စားသုံးသူရေးရာဦးစီးဌာန ကျန်းမာရေးဦးစီးဌာန စည်ပင်သာယာရေးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်းပါဝင်သောအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခြင်းနှင့် စျေးကွက်နမူနာကောက်ယူခြင်းဆောင်ရွက်ခဲ့ပါသည်။ အလှကုန် စားသောက်ကုန်နှင့်ဆေးဆိုင်များအား သက်ဆိုင်ရာဌာနများမှ ကွင်းဆင်းစစ်ဆေးရာတွင် FDA ကတားမြစ်ပိတ်ပင်ထားသည့် အလှကုန် စားသောက်ကုန် အချို့တွေ့ရှိခဲ့ပြီး
