Main menu

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ ဆိပ်ခွန်ကျေးရွာတွင် ဓဝါသီးနှံစိုက်ပျိုးရေးမှသည် ရက်ကန်း လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆီသို့ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပနိုင်ရေးအတွက် အကြိုညှိနှိုင်းအစည်းအဝေးကျင်းပ

Powered by Drupal

        ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၄)ရက်နေ့တွင်  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မောင်း ဦးဆောင်ပြီး အသေးစားစက်မှုလက်မှုဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဓဝါသီးနှံစိုက်ပျိုးရေးမှသည် ရက်ကန်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ အလုပ်ရုံဆွေးနွေးပွဲ အောင်မြင်စည်ကားစွာ ကျင်းပနိုင်ရေး အကြိုညှိနှိုင်း အစည်းအဝေးကို  စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၊ ဆိပ်ခွန်ကျေးရွာ၌ ကျင်းပခဲ့ပါသည်။

       အစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မောင်းနှင့် ဝန်ထမ်းများ၊ စစ်ကိုင်းတိုင်း ဒေသကြီးဦးစီးမှူး ဦးခင်မောင်လှိုင်၊ ရွှေဘိုခရိုင်ဦးစီးမှူး ဦးကျော်ငွေနှင့် ဝန်ထမ်းများ၊ အသေးစားစက်မှုလက်မှုဦးစီးဌာန၊ မုံရွာမြို့ ရက်ကန်းနှင့် သက်မွေးပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သိန်းဌေး၊ ရွှေဘိုခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မို့မို့၊ ဆိပ်ခွန်ကျေးရွာအုပ်ချုပ်ရေးမှူး၊ မြန်မာနိုင်ငံချည်မျှင်နှင့်အထည်အလိပ်လုပ်ငန်းရှင်များအသင်း(MTMA))မှ စစ်ကိုင်းတိုင်းဒေသကြီးကိုယ်စားပြု ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးတိုးမြင့်၊ ရွှေဘိုမြို့နယ် ရက်ကန်းလုပ်ငန်းရှင်များအသင်း ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဆိပ်ခွန်ကျေးရွာအုပ်စု အတွင်းရှိ ရက်ကန်းလုပ်ငန်းရှင်များ၊ ချည်ထည်လုပ်ငန်းရှင်များနှင့် ရပ်မိ၊ ရပ်ဖများ စုစုပေါင်း(၃၆)ဦး တက်ရောက်ခဲ့ကြပါသည်။

        အဆိုပါအစည်းအဝေးတွင် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမည့်နေရာ၊ တက်ရောက်ရန် ဖိတ်ကြားရမည့် ဧည့်သည့်တော်များ၊ ရက်ကန်းလုပ်ငန်းနှင့် ချည်ထည်လုပ်ငန်းများအတွက် ကြုံတွေ့နေရသောအခက်အခဲများ၊ စိန်ခေါ်မှုများကို သက်ဆိုင်ရာ အစိုးရဌာနများ စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းအဖြေရှာ ဖြေရှင်းနိုင်ရေးအတွက်နှင့် အလုပ်ရုံ ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးနိုင်ရေး ဖိတ်ကြားရန်အတွက် လိုအပ်မည့် ဌာနဆိုင်ရာများ၊ ပညာရှင်များ၊ အခြားဆောင်ရွက်လိုသည့်အချက်များနှင့် သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြ ကြောင်း သတင်းရရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး
စားသုံးသူရေးရာဦးစီးဌာန