Main menu

ဆန်ဈေးနှုန်းကြီးမြင့်မှုမဖြစ်ပေါ်စေရေး ကွင်းဆင်းအသိပညာပေး

Powered by Drupal

       စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ဆန်ကုန်သည်အသင်းနှင့် ပူးပေါင်း၍ ၁၅.၁၀.၂၀၂၆ ရက်နေ့ နေ့လည် (၁:၀၀) နာရီအချိန်တွင် မုံရွာမြို့အောင်မင်္ဂလာရပ်ကွက်အတွင်းရှိ (My RO) တွင် မှတ်ပုံတင်ထားသော ဆန်စပါးသိုလှောင်ရုံများအား ကွင်းဆင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် လက်ရှိ ဆန်စပါးဈေးနှုန်းဈေးကွက် အခြေအနေများ၊ ဆန်စပါးလက်ကျန် အခြေအနေများအား မေးမြန်းစုံစမ်းခဲ့ပြီး MyRO တွင် ကုန်ရ၊ ကုန်ထုတ်နှင့် ကုန်လက်ကျန်စာရင်းများကို လစဉ် လဆန်း (၁) ရက်နေ့မှ (၇) ရက်နေ့အတွင်း အချိန်မီ ပြည့်စုံမှန်ကန်စွာ မပျက်မကွက်ရေးသွင်းကြရန် အသိပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

     ထို့အပြင် ဆန်စပါးသိုလှောင်ရုံ လုပ်ငန်းရှင်များအနေဖြင့် MyRO ၌ လစဉ်စာရင်းများ စနစ်တကျ ရေးသွင်းခြင်းဖြင့် ဆန်စပါးသိုလှောင်မှုနှင့် ဖြန့်ဖြူးမှု အခြေအနေများကို တိကျမှန်ကန်စွာ စောင့်ကြည့်နိုင်မည်ဖြစ်ကြောင်း၊ ဆန်ဈေးနှုန်း ကြီးမြှင့်မှု မဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင်ထားခြင်း မပြုရန်နှင့်လိုက်နာမှု မရှိပါက ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း  အသိပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)