Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
14 Jun 2022

          စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ ၂၀၂၂ ခုနှစ် ဇွန်လ ၉ ရက်နေ့ မွန်းလွဲ (၂း၀၀)နာရီတွင် မုံရွာတက္ကသိုလ်၌ စားသုံးသူရေးရာအသိပညာပေး ဟောပြောပွဲကျင်းပခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်နှင့်တာဝန်ရှိသူများ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒေါ်နှင်းစန္ဒာတို့က သက်ဆိုင်ရာခေါင်းစဉ်များဖြင့် အသိပညာပေးဟောပြောဆွေးနွေးကြပါသည်။

14 Jun 2022

            စားသုံးသူရေးရာဦးစီးဌာန၊စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဇွန်လ (၈) ရက်နေ့တွင် မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်ရှိ “သိန်းသန်းစိုး” ယိုစုံလုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)အရ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် ပတ်သက်၍စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

14 Jun 2022

              စစ်ကိုင်းတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ မုံရွာမြို့နယ်တာဝန်ခံနှင့် ချောင်းဦးမြို့နယ်တာဝန်ခံတို့သည်  ဇွန်လ ၉ ရက်နေ့ နေ့လည် ၁၃ နာရီအချိန်တွင် မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်ရှိ “နယူးစတား” ပေါင်မုန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈)အရ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်များ နှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေး ခဲ့ပါသည်

14 Jun 2022

           စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်း‌ဒေသကြီး၊ စစ်ကိုင်းခရိုင်ဦးစီးမှူးဦးဆောင်၍ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း (၂)ဦးတို့သည် ဈေးကွက်အတွင်း ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်ကျန်းမာရေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် အတူ ဇွန်လ ၇ ရက်နေ့တွင် စစ်ကိုင်းမြို့ပေါ်ရှိ ဆေးဆိုင်များအား  ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့သည်။ 

14 Jun 2022

                 ဧရာဝတီတိုင်းဒေသကြီးအတွင်း စက်မှုထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးတင်အေး၊ သက်ဆိုင်ရာတိုင်း အဆင့်ဌာနဆိုင်ရာများ၊ ပုသိမ်ခရိုင် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တိုင်းအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုမ္ပဏီများ၊ အသင်းအဖွဲ့များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ၇.၆.၂၀၂၂ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်၊၊ အဆိုပါ အခမ်းအနားတွင် စီးပွားရေးရာဝန်ကြီး ဦးတင်အေး

Pages

a