သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင် လက်ပံတန်းမြို့၌ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှု ဖြင့် ၇.၄.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင်မြို့မဈေးအပြင်တန်း မညွှန့် မုန့်မျိုးစုံဆိုင်၌ သောက်ရေသန့်ပစ္စည်း အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာဖော်ပြခြင်း ရှိ/မရှိ စားသုံး/ထုတ်လုံတာဝန်ခံ ဒေါ်ခိုင်ခိုင်ရီ၊ မြို့နယ်တာဝန်ခံဦးချစ်ကိုကိုနှင့် ဝန်ထမ်းများမှဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။စားသုံးသူများ တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်များသိရှိစေရန်၊ စားသုံးသူမျာ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသား များပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံးသူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည် နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များကို သတ်မှတ် စံချိန

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် တောင်ငူခရိုင် ရေတာရှည်မြို့ရှိ ငလျင် ဘေးဒဏ်သင့်ပြည်သူများအား အခြေခံစားကုန်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး လျှက်ရှိရာ ဧပြီလ ၇ ရက်နေ့တွင် အမှတ်(၄)ရပ်ကွက်ရှိ ဆင်ဖြူရှင်လမ်းနှင့် မင်းကြီးညိုလမ်းတို့တွင် mobile မော်တော်ယာဉ်ဖြင့် လှည့်လည်ရောင်းချပေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင် သည် ဧပြီလ ၇ ရက်နေ့ နံနက်ပိုင်း(၁၀:၀၀)နာရီအချိန်တွင် အုတ်တွင်းမြို့နယ် ကျောင်းရှစ်ဆယ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ခပေါင်းဈေးနှင့် ဈေးပြင်ပ ကုန်စုံဆိုင်ပိုင်ရှင်များအား တွေ့ဆုံ၍ ကုန်စည်များ ရောင်းချရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန် ဆွေးနွေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ဧပြီလ ၅ ရက်နေ့ မွန်းလွဲပိုင်းက ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ တောင်ငူခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင် များအသင်း ဥက္ကဌနှင့် ဆီကုန်သည်များအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
