သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး အပါအဝင် ဦးကျော်ခိုင်(ဦးစီးအရာရှိ)၊ စစ်ဆေးရေးအရာရှိ(၂)နှင့် ဝန်ထမ်း(၂)ဦးတို့သည် အလုံခရိုင်၊ အလုံမြို့နယ်၊ စမ်းချောင်းဈေးမှ ဒေါ်ရီရီဌေး(ဆီဆိုင်)နှင့် ဗဟန်းမြို့နယ်အတွင်းရှိ ဦးအောင်မြင့်ကြည် (ဆီဆိုင်)တို့အား ဈေးတာဝန်ခံတို့နှင့်ပူးပေါင်းပြိး ဆီရောင်းချမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးအသိပညာပေးမှုအား ၁.၄.၂၀၂၅ ရက်နေ့တွင် သွားရောက်၍ ကွင်းဆင်းအသိပညာပေးမှုများအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင်၊ စမ်းချောင်းမြို့နယ် ရှမ်းလမ်းဈေးအတွင်း အခြေခံ စားသောက်ကုန်များဖြစ်သော ဆန်အမျိုးအစားများအနက် ဧည့်မထ တစ်ပြည်လျှင် ကျပ် ၃၃၀၀ မှ ၃၅၀၀ ထိ၊ ဇီယာတစ်ပြည်လျှင် ကျပ် ၃၅၀၀ မှ ၄၀၀၀ ထိ၊ ပေါ်ဆန်းတစ်ပြည်လျှင် ကျပ် ၅၀၀၀ မှ ၅၆၀၀ ထိ လည်းကောင်း၊ စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၆၉၉၅ မှ ၇၁၉၅၊ မြေပဲဆီ တစ်ပိဿာလျှင် ကျပ် ၁၄၀၀၀ မှ ၁၆၀၀၀၊ ဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာ ကန်စွန်းရွက်တစ်စီးလျှင် ကျပ် ၅၀၀ မှ ၇၀၀၊ ချည်ပေါင်ရွက် တစ်စီး ကျပ် ၃၀၀ မှ ၅၀၀၊ မုန့်ညှင်းတစ်စီး
စားသုံးသူရေးရာဦးစီးဌာန၊ လှည်းကူးမြို့နယ်တာဝန်ခံ ဦးထွန်းထွန်းဦးသည် (၃.၄.၂၀၂၅) ရက်နေ့ နံနက်(၉:၄၅)နာရီအချိန်တွင် လှည်းကူးမြို့နယ်၊ မြို့မဈေးမှ ဈေးတာဝန်ခံ ဦးကျော်ဦး ပူးပေါင်း၍ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီမြို့နယ်ခွဲတာဝန်ခံ ဦးဇော်မျိုးထွန်းနှင့် ဝန်ထမ်းများ သည် မှော်ဘီမြို့မဈေးစည်ပင်သာယာရေးကော်မတီရုံးမှ ဈေးတာဝန်ခံနှင့်ပူးပေါင်း၍ ၂.၄.၂၀၂၅ ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် မှော်ဘီမြို့မဈေးအတွင်းရှိ အခြေခံစားကုန်များ၏ ဈေးကွက်ဆိုင်ရာ အခြေအနေနှင့်ဈေးနှုန်းအခြေအနေများကို ကွင်းဆင်းစုံစမ်းစစ်ဆေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၃.၄.၂၀၂၅) ရက်နေ့ နံနက်(၈:၄၅)နာရီအချိန်တွင် အင်းစိန်မြို့နယ်၊ အင်းစိန်ဈေးမှ ဈေးတာဝန်ခံ ဦးလှသူနှင့်အဖွဲ့ များပူးပေါင်း၍ အခြေခံစားကုန်ဈေးနှုန်းများအား ဈေးကွက်စောင့်ကြည့်ခြင်း လုပ်ငန်းများဆောင်ရွက် ခဲ့ပါသည်။
