သတင်းနှင့် လှုပ်ရှားမှုများ
ပို့ကုန်ရငွေစိစစ်ကြပ်မတ်ရေးလုပ်ငန်းကော်မတီ၏ (၂/၂၀၂၅)အစည်းအဝေးဆုံးဖြတ်ချက်အရ ၂၀၂၄ ခုနှစ်၊ မတ်လမှ ဒီဇင်ဘာလအတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေ ပြန်လည် ဝင်ရောက်ရန်ကျန်ရှိသည့်ကုမ္ပဏီအား ၂.၄.၂၀၂၅ ရက်နေ့ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးမျိုးအေး ပါ(၃)ဦး ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးဉီစီးမှူးရုံး၏ လမ်းညွှန်မှာကြားချက်အရ မြောက်ပိုင်းခရိုင်အတွင်းရှိ စက်မှုဇုန်များတွင် စီးပွားရေးလုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်းရှင်များ၏ သိရှိရန် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးမျိုးအေး ပါ(၃)ဦး တို့သည် ၂.၄.၂၀၂၅ ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် အမှတ်(၃/၇၉)၊ ဗိုလ်ချုပ် အောင်ဆန်းလမ်း၊ ဇုန်(၃)၊ လှိုင်သာယာမြို့နယ်ရှိ Great H L Family Trading Co.,Ltd သို့ သွားရောက်စစ်ဆေးခဲ့ရာ လုပ်ငန်းသည် ယခင်က အထည်လိပ်လုပ်င

၃.၄.၂၀၂၅ ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဦးသန်းထိုက်စိုး၊ အငယ်တန်းစာရေးသည် အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်း အင်းစိန်မြို့နယ်၊ ရွာမရပ်ကွက်တွင် ကျောင်းကျန်းမာရေးနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲ သို့ တက်ရောက်ခဲ့ပါသည်။

(၁.၄.၂၀၂၅)ရက်နေ့ နေ့လယ် (၁၄:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ အရာထမ်း/အမှုထမ်းဝန်ထမ်း(၄)ဦး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ (၁)ဦး၊ ဆီကုန်သည်များအသင်းမှ(၂)ဦးပါဝင်လျက် ရွှေလဝန်းကုန်စုံဆိုင်သို့ ကွင်းဆင်း စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံး၊ ဒုခရိုင်ဦးစီးမှူး ဦးမျိုးအေး ပါ(၄)ဦး အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စုံစမ်းရေးမှူး ဦးအောင်စိုးမိုး၊ ဆီကုန်သည်များ အသင်းမှ(၂)ဦးတို့ ပူးပေါင်းပါဝင်လျက် (၁.၄.၂၀၂၅)ရက်နေ့ နေ့လယ် (၁၂:၂၀)အချိန်တွင် ထိန်နှစ်ပင်ကျေးရွာရှိ စားအုန်းဆီလက်လီရောင်းချနေသော ဦးနိုင်လွင်၏ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက် ခဲ့ပါသည်။
