သတင်းနှင့် လှုပ်ရှားမှုများ
(၁.၄.၂၀၂၅)ရက်နေ့ နံနက်(၁၁:၂၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံး၊ ဒုခရိုင်ဦးစီးမှူး ဦးမျိုးအေးပါ(၄)ဦး အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ (၁)ဦး၊ စည်ပင် သာယာဈေးဌာနမှ ဈေးတာဝန်ခံပါ (၁)ဦးတို့ပူးပေါင်းပါဝင်လျက် ထန်းတပင်မြို့နယ်၊ မြို့မဈေးမှ စားအုန်းဆီလက်လီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံး၊ ဒုခရိုင်ဦးစီးမှူး ဦးမျိုးအေး ပါ(၄)ဦး အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စုံစမ်းရေးမှူး ဦးအောင်စိုးမိုးတို့နှင့်အတူ (၁.၄.၂၀၂၅) ရက်နေ့ နံနက်(၁၀:၃၀)အချိန်တွင် ထန်းတပင်မြို့နယ်၊ အစုကြီးကျေးရွာရှိ မခိုင်ကြီး ကုန်စုံဆိုင်တွင် စားအုန်းဆီလက်လီရောင်းချနေခြင်းအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

၁.၄.၂၀၂၅ ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်မှစ၍ စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံး၊ ဒုခရိုင်ဦးစီးမှူး ဦးမျိုးအေးပါ(၄)ဦး အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ(၁)ဦး ဆီလုပ်ငန်း ရှင်များအသင်းမှ (၂)ဦးတို့ပူးပေါင်းပါဝင်လျက် ထန်းတပင်မြို့နယ်ရှိ စားအုန်းဆီ လက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သည် ဆန်လိုအပ်သောဒေသဖြစ်သည့်အတွက် မြိတ်ခရိုင်အတွက်လိုအပ်သောဆန်များအား ဧရာဝတီတိုင်းနှင့်ရန်ကုန်တိုင်တို့မှ အများဆုံးဝယ်ယူ လျက် ရှိပါသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်မှ မြိတ်ခရိုင်သို့တင် ဆောင်လာသော ဆန်အိတ်ရေ ၅၀၀၀၊ တန် ၂၅၀ ပါရှိသော MV ရတနာဒေဝီ ရေယာဉ်သည် ၂၀၂၅ခုနှစ်၊ ဧပြီလ(၅)ရက်နေ့တွင် မြိတ်မြို့သို့ရောက်ရှိလာသဖြင့် အဆိုပါဆန်လှေများအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၅ ခုနှစ် ၊ ဧပြီလ ၇ ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့ပေါ်ရှိ ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်းရောင်းချသည့်ဆိုင်များ သို့အပတ်စဉ်ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
