သတင်းနှင့် လှုပ်ရှားမှုများ
(၂၅.၃.၂၀၂၅)ရက်နေ့ နံနက်(၉:၁၅)အချိန်မှစ၍ စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စုံစမ်းရေးမှူးတို့လိုက်ပါ၍ မှော်ဘီ မြို့နယ်ရှိ စားအုန်းဆီလက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက် ခဲ့ပါသည်။

(၂၅.၃.၂၀၂၅)ရက်နေ့ နံနက်(၉:၀၀)အချိန်မှစ၍ စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးမျိုးအေးပါ(၃)ဦး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(၁)ဦးနှင့် ဈေး တာဝန်ခံများပူးပေါင်းပါဝင်လျက် မှော်ဘီမြို့နယ်၊ မြို့မဈေးရှိ စားအုန်းဆီလက်လီ အရောင်းဆိုင်များ သို့ ကွင်းဆင်းစစ်ဆေးခြင်းများ လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

၂၅.၃.၂၀၂၅ ရက်နေ့ နံနက် (၁၁:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံး ကွပ်ကဲမှုအောက်ရှိ မှော်ဘီမြို့နယ်ခွဲရုံးမှ မြို့နယ်တာဝန်ခံ ဦးဇော်မျိုးထွန်း၊ ဦးစီးမှူး သည် မှော်ဘီမြို့နယ်အတွင်းရှိ ဘိလပ်မြေအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက် ခဲ့ပါသည်။

မကွေးတိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ် တရားမဝင်ဆင်းကတ်ရောင်းချမှုစစ်ဆေးရေးအဖွဲ့အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ထားရာ (၂၅.၃.၂၀၂၅)ရက်နေ့၊ နံနက် (၀၉:၃၀)မှ (၁၁:၃၀) နာရီအချိန်ထိ မကွေးမြို့ပေါ်ရှိ ဆင်းကတ်အရောင်းစင်တာ(၄)ခုနှင့် ဖုန်းအရောင်းဆိုင်များအား ခရိုင်၊ မြို့နယ် တရားမဝင်ဆင်းကတ်ရောင်းချမှု စစ်ဆေးရေးအဖွဲ့များပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့်ပူးပေါင်း၍ ပြည်တွင်း၌ ဆန်စပါးဖူလုံရေး၊ ပြည်ပသို့ စနစ်တကျတင်ပို့ ရောင်းချနိုင်ရေး၊ ဆန်စပါးစျေးကွက်နှင့် စျေးနှုန်းမှန်ကန်တည်ငြိမ်စေရေး၊ သမာရိုးကျရောင်းဝယ် ခြင်းမဟုတ်သော စျေးကစားလိုသည့် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ စျေးနှုန်းမြှင့်တင် ရောင်းချ ခြင်းများမဖြစ်ပေါ်စေရေးတို့အတွက် လစဉ်သင့်တင့်မျှတသော ဆန်စျေးနှုန်းများထုတ်ပြန်၍ ထိန်းကျောင်းဆောင်ရွက်လျက်ရှိကြော
