သတင်းနှင့် လှုပ်ရှားမှုများ
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများအဖွဲ့သည် ၂၁-၁၁-၂၀၂၄ ရက်နေ့၊ နံနက် ၁၀း၀၀ နာရီအချိန်တွင် မော်လမြိုင်မြို့နယ်၊ အ.လ.က (တောင်ဝိုင်း)ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် ၂၁-၁၁-၂၀၂၄ ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်တွင် ချောင်းဆုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည့် ၂၀၂၄-၂၀၂၅ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးမည့်အစီအစဉ် အစည်းအဝေးပွဲသို့တက်ရောက်ခဲ့ပါသည်။
ကရင်ပြည်နယ် စားသုံးသူရေးရာကော်မတီ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၄) ကို ၂၁-၁၁-၂၀၂၄ ရက် (ကြာသပတေးနေ့)၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးတွင် ကရင်ပြည်နယ် စားသုံးသူရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်နွယ်ရီနှင့် ကော်မတီအဖွဲ့ ဝင်များ တက်ရောက်ခဲ့ကြသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် ၂၁-၁၁-၂၀၂၄ ရက်နေ့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ချောင်းဆုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ သိပညာပေး "Talk Show" ကျင်းပပြုလုပ်ခဲ့ပါသည်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်(စနေနေ့)၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သုံးထပ်ဆောင်အစည်းအဝေးခန်းမ၌ တနင်္သာရီတိုင်းဒေသကြီးဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်း ကနဦးစိစစ်ရေးအဖွဲ့၏ (၁/၂၀၂၄) ကြိမ်မြောက်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးအားကျင်းပခဲ့ရာ အဖွဲ့ဝင် တနင်္သာရီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူးမှ တက်ရောက်ခဲ့ပါသည်။