သတင်းနှင့် လှုပ်ရှားမှုများ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ အ.လ.က.ဗောဓိပင်ကျောင်း၌ (၂၁-၁၁-၂၀၂၄) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဌာန၊ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနအဖွဲ့နှင့် ဆရာ/ ဆရာမ(၁၀)ဦး၊ ကျောင်းသား/ကျောင်းသူ(၁၆၀)ဦးတို့အား အသိပညာပေးဟောပြောခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့၊ ဈေးချိုတောင်ရပ်ကွက်၊ သဲတန်းလမ်းရှိ ငွေကြယ်မုန့်မျိုးစုံထုတ်လုပ်ငန်းအား (၂၁-၁၁-၂၀၂၄)ရက်နေ့၊ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့တို့ ကြည့်ရှုစစ်ဆေးရာ MSMEs လုပ်ငန်းတစ်ခုဖြစ်သော ငွေကြယ်မုန့်လုပ်ငန်းအနေဖြင့် စားသောက်ကုန်ဖြစ်သည့်အတွက် စားသုံးသူများဘေးကင်းလုံခြုံရေးအား အထူးအလေးထားရန်၊ ထုတ်ပိုးမှုစနစ်များပြုပြင်ဆောင်ရွက်သွားရန်နှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA ၏ထောက်ခံချက်ရရှိရေး ဆောင်ရွက်န

စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ (၁၉.၁၁.၂၀၂၄)ရက်နေ့၊နံနက်(၀၉:၃၀)နာရီအချိန်တွင် ဇလွန်မြို့နယ်၊မြို့မဈေးဈေးအတွင်းရှိစားသောက်ကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ နတ်တလင်းခရိုင်တာဝန်ခံရုံးမှ ခရိုင်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၁-၁၁-၂၀၂၄)ရက်နေ့၌ မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေး အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ဆန်ဆိုင်များတွင် နိုဝင်ဘာလအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတ်မှတ်ထုတ်ပြန်ထားသော ဈေးနှုန်းများအပေါ် ဈေးမြှင့်တင်ရောင်းချမှုရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တာဝန်ခံရုံးမှ တာဝန်ရှိသူများသည် ပန်းတနော်မြို့နယ်အတွင်း အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ အွန်လိုင်းမှတ်ပုံတင် ပြီး မြို့နယ်အတွင်း ရောင်းချနေသော လုပ်ငန်းနှင့် ကိုက်ညီမှုရှိ/မရှိ အခြေအနေကွင်းစစ်ဆေးခြင်းလုပ်ငန်းကို (၂၁.၁၁.၂၀၂၄) ရက်နေ့၊နံနက် (၁၁:၀၀)အချိန်က ပန်းတနော်မြို့နယ်တွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
