သတင်းနှင့် လှုပ်ရှားမှုများ
၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(၂၂)ရက်နေ့၊ နံနက်(၉း၃၀)အချိန်တွင် မြိတ်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ မြိတ်ခရိုင်အတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာစေရေးနှင့် ကျေးလက်နေလူနေမှု အဆင့်အတန်းမြင့်မားလာစေရေးအတွက် မြိတ်မြို့၊ ရွှေဘေးကျေးရွာအုပ်စုရှိ ရပ်ကွက်နေပြည်သူများအား စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ကျင်းပဆောင်ရွက်ခဲ့ပါသည်။
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွက် လိုအပ်သောဆန်များကို မြိတ်ဆန်ကုန်များ အသင်းမှ ဝယ်ယူလျက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်မှ MS- ပြည့်ဖြိုး အောင်(၉) ရေယာဉ်ဖြင့် (၁၇.၁၁. ၂၀၂၄) ရက်နေ့တွင် တင်ဆောင်လာသော ဆန်တန်(၁၅၀)၊ အိတ်ရေ(၃၀၀၀)နှင့် ကျိုတ်လတ်မြို့နယ်မှ MV-မြမြမွန်ရေယာဉ်ဖြင့် (၁၈.၁၁.၂၀၂၄)ရက်နေ့ တွင်တင်ဆောင်လာသော ဆန်တန်(၄၇၅)တန် အိတ်ရေ(၉၅၀၀)တို့သည် (၂၂.၁၁.၂၀၂၄)တွင် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ပါသည်။
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တာဝန်ခံ ဦးစိုးညီညီသည် ၂၁-၁၁-၂၀၂၄ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ကျိုက်မရောမြို့နယ်၊ ရှင်စောပုရပ်ကွက်(၂) မူလတန်းလွန်ကျောင်းခွဲ၌ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့သည်။

စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တာဝန်ခံ ဦးစိုးညီညီသည် ၂၂-၁၁-၂၀၂၄ ရက်နေ့တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ကြီးကြပ်မှုအောက်ရှိ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ အထက်ပုဇွန်တောင်လမ်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ကြက်/ဘဲဈေးဒိုင်မှ စားသုံးသူပြည်သူများသို့ နေ့စဉ် ကြက်/ဘဲများကို လက်လီ/ လက်ကား ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။
