သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦးစီးမှူး၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၉-၁၁-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ငပုတောမြို့နယ် မြို့မဈေးအတွင်း ရောင်းချလျက်ရှိသော စားအုန်းဆီအရောင်းဆိုင်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တာဝန်ခံသည် (၁၈-၁၁-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် မကွေးမြို့၊ ဂွေးတောက်စမ်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ စားသုံးသူအသိပညာပေးဆွေးနွေးပွဲကျင်းပခဲ့ကြောင်းသိရသည်။

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တာဝန်ခံသည် (၁၈-၁၁-၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် မကွေးမြို့နယ်၊ ဂွေးတောက်စမ်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ပြုလုပ်သော အရန်မီးသတ်တပ်ဖွဲ့ဝင်များ (မွမ်းမံ)သင်တန်း (၁/၂၀၂၄) သို့သွားရောက်ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် (၁၉.၁၁.၂၀၂၄) နေ့နံနက် (၁၀:၀၀)နာရီ အချိန်တွင် စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်၍ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအကြောင်း အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ပါသည်။

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့၊ မြို့မစျေး၌ (၁၂-၁၁-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ပြည်သူများ ကုန်အညွှန်းအမှတ်အသားပြည့်စုံသောကုန်ပစ္စည်းများအား ရွေးချယ်ဝယ်ယူတတ်စေရန်ရည်ရွယ်၍ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။
