သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးက စားသုံးသူကာကွယ်ရေးဥပဒေနှင့် ပတ်သတ်၍ ထပ်ဆင့်ထုတ်ပြန်သည့် အမိန့်ညွှန်ကြားချက်များအား ရှင်းလင်းပို့ချခြင်း အခမ်းအနားကို မတ်လ ၂၄ ရက်နေ့က စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူး ရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်းဖွင့်ပွဲအခမ်းအနားကို စားသုံးသူရေးရာ ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်နှင့်တကွ အရာထမ်းများနှင့် သင်တန်းသား များ စုစုပေါင်း ၃၀ ဦးတို့ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားစတင်ချိန်တွင်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် စိုက်ပျိုးခဲ့သော ပဲတီစိမ်းများ ယခုမတ်လအတွင်း ရာနှုန်းပြည့် ခူးဆွတ်ခဲ့ကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်ရှိ စားအုန်းဆီလက်လီ/လက်ကား အရောင်းကိုယ်စားလှယ်ဆိုင်သို့ မတ်လ ၂၄ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်တွင် စားသုံးသူ ရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ စားအုန်းဆီကိုယ်စားလှယ် များအနေဖြင့် စားသုံးသူပြည်သူများထံသို့ လက်လီလက်ကားဖြန့်ဖြူး ရောင်းချနေမှု အခြေအနေ အား ရှောင်တခင်ကွင်းဆင်းစိစစ်ကြပ်မတ်စစ်ဆေးခဲ့ကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်ရှိ စားအုန်းဆီလက်လီ/လက်ကား အရောင်းကိုယ်စားလှယ်ဆိုင်သို့ မတ်လ ၂၃ ရက်နေ့ နေ့လယ် ၁နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ စားအုန်းဆီ ကိုယ်စားလှယ် များအနေဖြင့် စားသုံးသူပြည်သူများထံသို့ လက်လီလက်ကားဖြန့်ဖြူး ရောင်းချနေမှု အခြေအနေ အား ရှောင်တခင်ကွင်းဆင်းစိစစ်ကြပ်မတ်စစ်ဆေးခဲ့ကြောင်းသိရသည်။

၂၀.၃.2025 (14:၀၀) အချိန်တွင် ဦးဝင်းနိုင်(ဦးစီးအရာရှိ)သည် ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ ဘိုကလေးဈေးစည်ပင်ရုံးတွင် ကစားစရာအရုပ်များရောင်းချသော (ဆိုင်ရှင်) ဈေးသူ/ဈေးသားများခေါ်ယူ၍ ကလေးကစားစရာအရုပ်များတွင် အမျိုးအမည်၊ ကြိုတင်သတိပေးချက်၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ စသည့်တို့ကို မဖြစ်မနေရေးသား ဖော်ပြရမှာဖြစ်ကြောင်းနှင့် ရေးသားဖော်ပြထားခြင်းမရှိသော အရုပ်များကို စစ်ဆေးတွေ့ရှိပါ ဥပဒေအရ အရေးယူခံရမှာဖြစ် ကြောင်း အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။
