သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့၌ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် (၁၉.၁၁.၂၀၂၄)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့မဈေးအတွင်းရှိကုန်စုံဆိုင်များ၌ ကုန်ပစ္စည်းများအား ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာဖော်ပြခြင်းရှိ/ မရှိ မြို့နယ်တာဝန်ခံဦးချစ်ကိုကိုနှင့် ဝန်ထမ်းများမှ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ပြုလုပ်ခဲ့ပါသည်။ စားသုံးသူများ တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်အလက်များသိရှိစေရန်၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်၊ စိတ်ကျေနပ်မှုရ

စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၁၉.၁၁.၂၀၂၄)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Center တွင်စားသုံးသူအသိပညာပေး Talk Show ကျင်းပဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ရွှေဥဒေါင်းရပ်ကွက်၌ သာယာဝတီခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူတို့သည် (၁၉.၁၁.၂၀၂၄)ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် ပြည်သူ(၈၇)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးခဲ့ပါသည်။

စားသုံးသူပြည်သူများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖေါ်ပြထားမှုအခြေအနေတို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁)ရက်နေ့မှ (၁၅)ရက်နေ့အတွင်းတွင် ပြည်ခရိုင်၊ ပြည်မြို့တွင် ခေတ္တရာရပ်ကွက်ရှိ ကုန်စုံဆိုင်များသ

စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ရပ်ကွက်/ ကျေးရွာနေ စားသုံးသူပြည်သူများနှင့် တိုင်းပြည်၏ အနာဂတ်မျိုးဆက်သစ်များဖြစ်သော ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေးရည်ရွယ်၍ ခရိုင်အတွင်း မြို့နယ်များရှိ ရပ်ကွက်/ ကျေးရွာများနှင့် အခြေခံပညာ ကျောင်းများတွင် အသိပညာပေးဟောပြောဆွေးနွေးခြင်းများကို အင်တိုက်အားတိုက်လုပ်ဆောင်လျက်ရှိရာ ပြည်ခရိုင်အတွင်း ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (
