သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဒု-ခရိုင်ဦးစီးမှူး၊ မအူပင်မြို့နယ်ဦးစီးမှူးမှ၊ ဦးအောင်ဇော်ဦး (ဦးစီးအရာရှိ)သည် မအူပင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံ ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ အွန်လိုင်းမှ ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူသည့် ပြည်သူများကို သတိပြုဝယ်ယူနိုင်ရန်အတွက် အသိပညာပေး Talk Showကို ၂၀၂၅ခုနှစ် မတ်လ ၂၁ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မအူပင်လူထုအခြေပြုဗဟိုဌာန Communit Center ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်တာဝန်ခံရုံးမှ မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုး နှင့် ဝန်ထမ်းများသည် (၂၀.၃.၂၀၂၅) နေ့ နေ့လယ် (၁၄း၀၀ ) နာရီအချိန်တွင် ဓနုဖြူမြို့ အမှတ်(၁)ရပ်ကွက် ရွှေကောင်းကင်ရေသန့်စက်ရုံသို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်တာဝန်ခံရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင် နှင့် ဝန်ထမ်းများသည် (၂၀.၃.၂၀၂၅) နေ့ နေ့လယ်(၁၄း၃၀) နာရီအချိန်တွင် ညောင်တုန်းမြို့နယ် တူးချောင်းကျေးရွာတွင် တောင်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တာဝန် ခံဦးမျိုးဝင်းသန်းသည် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၂ ရက် နံနက်(၁၁:၀၀)နာရီတွင် ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်မှ ကန့်ဘလူမြို့ပေါ်ရှိ စားသုံးသူပြည်သူများကို စားအုန်းဆီလက်လီရောင်းချပေး နေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုးသည် (၂၀.၃.၂၀၂၅) ရက်နေ့ နေ့လည် (၃:၃၀)အချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ စားသုံးသူပြည်သူများအား ဝါးခယ်မမြို့နယ် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လုထုအခြေပြု Community Center ခန်းမတွင် စားသုံးသူပြည်သူများအား MSME စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး Talk Show ပြုလုပ်ခဲ့ပါသည်။
