Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
24 Mar 2025

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၁၈.၃.၂၀၂၅) ရက်နေ့ နေ့လည် (၁:၀၀)နာရီ အချိန်တွင် ဈေးရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသောအသင့် သောက်ကော်ဖီထုပ်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါ သည်။  

24 Mar 2025

          ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင်  မတ်လ (၁၉)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းသည် Talk Show အစီအစဉ် ပြုလုပ်ခဲ့ပါသည်။

24 Mar 2025

          ကျိုက်လတ်မြို့နယ်အတွင်းရှိ ပင်စင်စားများအား မြန်မာ့စီးပွားရေးဘဏ်ရုံးတွင် မတ်လ(၂၁)ရက်နေ့ နှင့် (၂၂)ရက်နေ့များ၌ ပင်စင်လစာများ ထုတ်ပေးလျက်ရှိသည်။ မတ်လ (၂၁)ရက်နေ့တွင် လာရောက်၍ ပင်စင်လစာများ ထုတ်ယူသည့်  အဖိုးအဖွားများအား  အထောက်အပံ့ဖြစ်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အတူ စားသုံးသူရေးရာ ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ကျန်းမာရေးဦးစီးဌာန ကြက်ခြေနီဌာနတို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။

24 Mar 2025

          မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် မီသတ်ဌာန၊ စုံစမ်းစစ်ဆေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ မတ်လ(၂၀) ရက်နေ့တွင် ကျိုက်လတ်မြို့နယ် တပေတမော့ကျေးရွာ ရှိ စက်သုံးဆီဆိုင်များတွင် သတ်မှတ်ထားသော ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်း ရှိ/မရှိ၊  ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

24 Mar 2025

          ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ စုံစမ်းစစ်ဆေးရေး အဖွဲ့နှင့် စည်ပင်သာယာရေး အဖွဲ့သားများ ပူးပေါင်း၍  ၂၀၂၅ခုနှစ်၊ မတ်လ (၁၉)ရက်နေ့တွင် ဘူးဆီများ ကွင်းဆင်းစစ်ဆေးမှု ဆောင်ရွက်ခဲ့သည်။

Pages