Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
24 Mar 2025

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများ အသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် အစဉ်ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူများအတွက် လုံခြုံစိတ်ချရမှုမရှိသောကုန်စည်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉)၊ အခန်း(၁၈) ပုဒ်မ ၄၁ ပါ ကုန်အညွှန်းအမှတ်အသားများနှင့် ပြည့်စုံမှုမရှိသော ကုန်စည်များ ထုတ်လုပ်ဖြန့်ဖြူးခြင်း၊  ဈေးကွက်အတွင်း တင်သွင်းရောင်းချခြင်းမရှိ

24 Mar 2025

          ဖျာပုံခရိုင် ဘိုကလေးမြို့နယ်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍  ၂၀၂၅ခုနှစ်၊ မတ်လ (၁၈)ရက် နံနက် (၁၁:၀၀)နာရီအချိန်တွင်  စားသုံးသူ ကာကွယ်ရေး  လုပ်ငန်းတာဝန် ဆောင်ရွက်ချက် များအကြောင်း Talk Show အစီအစဉ်  ပြန်ဆက်ဦးစီးဌာနဥရုံး၌ ပြုလုပ်ဆောင် ရွက်ခဲ့ပါသည်။

24 Mar 2025

          ဖျာပုံမြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့တွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံက  ဦးဆောင်၍  စည်/ပင်၊ ရဲတပ်ဖွဲ့နှင့် စုံစမ်းစစ်ဆေးရေးဦးစီးဌာန တို့ ပူးပေါင်း၍ ဈေးကွက်အတွင်း ရောင်းချနေသော ကုန်မျိုးစုံအရောင်းဆိုင်များတွင် ရောင်းချ နေသော အမှတ်တံဆိပ်ပါ ဘူးဆီများတွင်  ကုန်အညွှန်းအမှတ်အသားများ မြန်မာဘာ သာဖြင့် ဖော်ပြမှုနှင့်  FDA ထောက်ခံချက်နှင့် အခြားဝန်ကြီးဌာနတို့၏ ထောက်ခံချက်များ ရှိ/မရှိ အခြေအနေအား မတ်လ (၁၉)ရက် နေ့တွင် ကွင်းဆင်း စစ်ဆေးခဲ့ကြပါသည်။

24 Mar 2025

          စားသုံးသူရေးရာဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ်တာဝန်ခံသည် မတ်လ (၁၉)ရက်နေ့တွင် ဒေးဒရဲမြို့ မြို့မဈေးရှိ ကုန်မျိုးစုံလုပ်ငန်းရှင် (၈) ဦးအား မြို့နယ်တာဝန်ခံ ရုံးတွင် အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါသည်။

24 Mar 2025

          ဧရာဝတီတိုင်းဒေသကြီး  ဖျာပုံခရို်င၊ ကျိုက်လတ်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ဆန်စက်လုပ်ငန်းရှင်များ အသင်းရုံးတွင် မတ်လ (၁၈) ရက်နေ့တွင် ဆန်စပါး လုပ်ငန်းရှင် များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။

Pages