သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် (၁၉.၃.၂၀၂၅)ရက်နေ့ ၊ နံနက် (၉:၀၀) အချိန်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ကြံခင်းမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များ၊ စားအုန်းဆီ လက်လီ၊ လက္ကားအရောင်းဆိုင်များအား ဈေးနှုန်း မြှင့်တင်ရောင်းချမှု ရှိ/မရှိ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည်(၁၇.၃.၂၀၂၅)ရက်နေ့ နံနက်(၀၉:၀၀) နာရီအချိန်တွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ အင်္ဂပူမြို့နယ် အမှတ်(၂)ရပ်ကွက်ရှိ အိမ်သုံး ဆေးဝါးအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် (၂၁.၃.၂၀၂၅) ရက်နေ့ နံနက်(၀၈:၀၀)အချိန်မှစ၍ စားသုံးသူရေးရာဦးစီးဌာနမှ ဟင်္သာတမြို့နယ်ဦးစီးမှူး ဦးမိုးကျော်၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ဟင်္သာတခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်း၍ ဟင်္သာတမြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ကြက်ဥနှင့် စားအုန်းဆီများ ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ မုံရွာမြို့နယ်တာဝန်ခံသည် စားသုံးသူကာကွယ်ပေးရေး၊ အသိပညာများတိုးပွားရရှိစေရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားကို မတ် လ ၁၁ ရက် နံနက် (၁၀:၀၀) နာရီအချိန်က မုံရွာမြို့၊ တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ စုစုပေါင်း ဝန်ထမ်း (၃၀) ဦး တက်ရောက် ခဲ့ကြကြောင်းသိရပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် (၂၁.၃.၂၀၂၅) ရက်နေ့ နံနက်(၀၇:၃၀)အချိန်မှစ၍ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်း၍ အင်္ဂပူမြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ဆန်နှင့် စားအုန်းဆီများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။
