Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
24 Mar 2025

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုးသည် (၂၀.၃.၂၀၂၅) ရက်နေ့ နေ့လည် (၃:၃၀)အချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ စားသုံးသူပြည်သူများအား ဝါးခယ်မမြို့နယ် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လုထုအခြေပြု Community Center ခန်းမတွင် စားသုံးသူပြည်သူများအား MSME စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး Talk Show ပြုလုပ်ခဲ့ပါသည်။

24 Mar 2025

          ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်တာဝန်ခံ ဒေါ်ဟေမာန်ဦး သည် (၂၁.၃.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၂:၀၀)နာရီအချိန်တွင် လှည်းကျော်ကုန်းကျေးရွာရှိ ပုစွန်ချဉ် ရောင်းချသူ ဒေါ်ယုယုလင်း အား သွားရောက်၍ ဈေးကွက်အတွင်း ရောင်းချနေသော ပုစွန်ချဉ်များ၌ အစားအသောက်တွင် သုံးစွဲခွင့်မပြုသော ဆိုးဆေးများ ပါဝင်မှုမရှိစေရေး၊ စားသုံးသူဘေးအန္တရာယ် ကင်းရှင်းစေရေး အဓိကထား ဂရုပြုဆောင်ရွက်ရန်နှင့် စားသုံးသူ ကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

24 Mar 2025

          စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ သောင်ကြီးကျေးရွာ အတွင်း ရောင်းချနေသော စိုက်ပျိုးရေးပစ္စည်းအရောင်းဆိုင်များအား စားသုံးသူရေးရာဦးစီး ဌာနမှ ဝန်ထမ်းများသည်သတ်မှတ်ရည်ညွှန်းဈေးထက်ကျော်လွန်၍ ရောင်းချခြင်းရှိ/မရှိ၊ သတ်မှတ်စံချိန်စံညွှန်း နှင့် ကိုက်ညီမှုမရှိသော  တရားမဝင် ဓါတ်မြေဩဇာများ၊ ပိုးသတ်ဆေးများ ရောင်းချမှုမရှိစေရေးအတွက် မြို့နယ်ယူရီယားဓါတ်မြေဩဇာဖြန့်ဖြူးရောင်းချရေးကော်မတီအဖွဲ့နှင့်အတူ ဈေးကွက်စောင့်ကြည့် စစ်ဆေး ခဲ့ကြောင်း သိရှိရပါသည်။<

24 Mar 2025

          စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီး မှူး၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်အတွင်းရှိ အားသာချက်ရှိသည့် ပုသိမ်ထီးလုပ်ငန်းအား သွားရောက်ကွင်းဆင်းခဲ့ရာ (၁) လလျှင် ပုသိမ်ထီး အချောင်း (၅၀) မှ (၈၀) ထိ ထုတ်လုပ်နိုင်ပြီး ဈေးနှုန်းအနေဖြင့် ပုသိမ်ထီးစားပွဲတင် ၄ လက်မ တစ်ချောင်းလျှင် (၇၀၀၀) ကျပ်၊ ပုသိမ်ထီး ၁၀ လက်မ တစ်ချောင်းလျှင် (၉၀၀၀) ကျပ်၊ ၁ ပေလျှင် (၁၀၀၀၀) ကျပ် နှင့် အကြီး ၁၄ ပေ လျှင် (၁၁၀၀၀) ကျပ် ဖြစ်ကြောင်း၊  ဖ

24 Mar 2025

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် (၂၁.၃.၂၀၂၅) ရက်နေ့ နံနက်(၀၇:၃၀)အချိန်မှစ၍ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်း၍ အင်္ဂပူမြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ဆန်နှင့် စားအုန်းဆီများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

Pages