Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
21 Mar 2025

          ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကုန်စျေးနှုန်း တည်ငြိမ်ကျဆင်းရေးအတွက် စားသုံးဆီဆိုင်များ၊ ဆန်ဆိုင်များအား သတ်မှတ်ရည် ညွှန်းစျေးများအတိုင်း ရောင်းချခြင်းရှိ/မရှိနှင့် ကုန်ညွှန်းအမှတ်အသားများပါရှိရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့သစ်မြို့၊ မြို့မစျေးနှင့် ရပ်ကွက်များရှိ ကုန်စုံဆိုင်များနှင့် ဆန်ဆိုင်များသို့ (၁၅.၃.၂၀၂၅) ရက်နေ့ နံနက် (၀၉း၃၀) နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။

21 Mar 2025

            ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် စိုက်ပျိုးရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ဌာဆိုင်ရာများ သိသင့်သည့် စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိကောင်းစရာများ ဆွေးနွေးဟောပြောပွဲကို ၁၅.၃.၂၀၂၅ ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

21 Mar 2025

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှုးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၁၈.၃.၂၀၂၅)ရက်နေ့က ဒေသတွင်ထုတ်လုပ်သော မုန့်လုပ်ငန်းဖြစ်သည့် ကျားပဲမုန့်အမျိုးမျိုးထုတ်လုပ်မှု လုပ်ငန်းသို့ ဈေးကွက်ဈေးနှုန်းနှင့် ထုတ်လုပ်မှုလုပ်ငန်းအကြောင်းကို ကွင်းဆင်းလေ့လာခဲ့ကြသည်။

21 Mar 2025

          ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဒေသတွင်ထုတ်လုပ်သော နို့နှင့် နို့ထွက်ပစ္စည်းလုပ်ငန်းများ ထုတ်လုပ်နေမှုအခြေအနေများကို (၁၆.၃.၂၀၂၅) ရက်နေ့က လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ထုတ်လုပ်မှု ဖြစ်စဉ်နှင့် ဈေးကွက်ဈေးနှုန်းများကို လေ့လာခဲ့ကြောင်း သိရသည်။

21 Mar 2025

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ  တိုင်းဒေသကြီးဉီးစီးမှူးနှင့် ဦးစီးအရာရှိ ဒေါ်အေးမြင့်ငြိမ်းသည်   (၁၉-၃-၂၀၂၅)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီး သမ ဝါယမဦးစီးဌာန၌ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း သင်တန်းဖြစ်သည့် ခေါင်းလျှော်ရည်၊ ဆပ်ပြာရည်၊ ဆပ်ပြာခဲ ထုတ်လုပ်မှုနည်းပညာသင်တန်းရှိ သင်တန်းသူ၊ သင်တန်းသား (၂၀)ဦးအား ၎င်းတို့ထုတ်လုပ်မည့် ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားများ ဖော်ပြရမည်ဖြစ်ကြောင်းနှင့် ကုန်အညွှန်း

Pages