သတင်းနှင့် လှုပ်ရှားမှုများ
စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး စားသုံးသူအခွင့်အရေးအကြောင်း အသိပညာပေးဟော ပြောပွဲကို ယနေ့ နံနက် ၁၁ နာရီ အချိန်က မုံရွာခရိုင်လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

၂၀၂၅ ခုနှစ်၊ မတ်လ ၁၉ ရက် နံနက် ၀၉:၀၀ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်း တိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် အကြီးတန်းစာရေး တို့သည့် ကန့်ဘလူမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ကုန်စုံဆိုင်များအား ကွမ်းစားဆေးအမျိုးမျိုးနှင့်ဆေး လိပ်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည်၂၀၂၅ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့ နံနက် ၀၉:၃၀ အချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် အကြီးတန်းစာရေးတို့သည် ကန့်ဘလူမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ ကြောင်း သိရသည်။

စားသုံးသူရေးရာဦးစီးဌာန ၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်း သန်းသည် ၂၀၂၅ ခုနှစ်၊ မတ်လ ၁၉ ရက် နံနက်(၁၀:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်၏ မန္တလေးမြို့ရှိစားအုန်းဆီကုမ္ပဏီမှ ခွဲတမ်းရစားသုံးဆီ(၂၅)ပေပါ(သို့)ပိဿာ ၂၇၅၀ရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

၁၉.၃.၂၀၂၅ ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်တွင် ညောင်တုန်းမြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ် ရေးလုပ်ငန်းအဖွဲ့သည် ညောင်တုန်းမြို့နယ်တွင် ကုန်မျိုးစုံရောင်းချသော ဆိုင်(၃)ဆိုင်တွင် အသင့်သောက် ကော်ဖီအမျိုးမျိုး ရောင်းချနေသော ဈေးနှုန်းဈေးကွက် အခြေအနေများကို ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ကြသည်။
