Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
24 Mar 2025

          စားသုံးသူရေးရာဦးစီးဌာန ဒေးဒရဲမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် မတ်လ (၁၉)ရက်နေ့ နေ့လည် (၁၁:၀၀)နာရီအချိန်တွင် ဒေးဒရဲမြို့ ချောင်းဖျား ကျေးရွာ၊ အမေ့ဂုဏ်ရောင် ဆန်စက်ရှိ လုပ်သားပြည်သူ(၁၅)ဦးအား  စားသုံးသူကာကွယ်ရေး အသိ ပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

24 Mar 2025

          ဧရာဝတီတိုင်းဒေသကြီး ၊ ဒေဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ် မတ်လ (၁၇)ရက်နေ့ တွင် ဒေးဒရဲမြို့ ထောင်မှူးချောင်ကျေးရွာရှိ အောင်ကျော်ဈာဉ်ဆန်စက်သို့ သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့်MSME လုပ်ငန်းဖွံ့ ဖြိုးတိုးတက်ရေး ကွင်းဆင်း စစ်ဆေးခဲ့ကြပါသည်။

24 Mar 2025

        စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၅ခုနှစ်၊ မတ်လ (၂၀)ရက်နေ့တွင် မြို့မဈေးရှိ စတိုးဆိုင်များသို့ အလှကုန်ပစ္စည်းများတွင် ကုန်အညွှန်း အမှတ်အသား ဖော်ပြချက်များ ပါဝင်မှုရှိ/မရှိ ကွင်းဆင်း စိစစ်ခဲ့ကြပါသည်။

24 Mar 2025

ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနရုံးတွင် မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၅ခုနှစ်၊ မတ်လ (၁၉)ရက်နေ့ နေ့လည်(၁၃:၃၀)တွင် (၁)ရပ်ကွက်ရှိ ကုန်မျိုးစုံ ရောင်းချသူ လုပ်ငန်းရှင် (၉)ဦးတို့အား စားသုံးသူကာကွယ်ရေးဆို်ငရာ အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။

24 Mar 2025

          စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ မတ်လ (၁၈)ရက်နေ့ နံနက်(၁၃:၃၀)နာရီတွင်  ဘိုကလေးမြို့မဈေးရှိ ကုန်မျိုးစုံဆိုင်သို့ ဈေးရောက် ပြည်တွင်းထုတ် အသင့်သောက်ကော်ဖီထုပ်များ၏ ဈေးနှုန်းဈေးကွက် အခြေအနေ များအား သိရှိနိုင်ရန် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

Pages