သတင်းနှင့် လှုပ်ရှားမှုများ
မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှဝန်ထမ်းများသည် (၁၂.၁၁.၂၀၂၄) ရက်နေ့တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဘီးလင်းမြို့နယ် အနိုင်းမွန်ကျေးရွာ (အ.မ.က) မူလွန်ကျောင်း၌ အသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်း သိရပါသည်။

စားသုံးသူများ ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုမဖြစ်စေရေးအတွက် ကုန်စည်များတွက် ကုန်အညွှန်းအမှတ်အသားများကို ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်မည်ဖြစ်ရာ စစ်ဆေးရေးမှူးများသည် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များအား ကုန်အညွှန်းအမှတ်အသားများကို ညွှန်ကြားချက်နှင့်အညီ ဖော်ပြထားခြင်းရှိ/မရှိကို စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်သည် ၁၈.၁၁.၂၀၂၄ ရက်နေ့တွင် “ဆွီ” အမှတ်တံဆိပ် ဟင်းမွှေးမဆလာထုတ်လုပ်သည့်လုပ်ငန်းရှင်နှင့် တွေ့ဆုံပြီး ကုန်အညွှန်းအမှတ်အသားဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

၁၄.၁၁.၂၀၂၄ ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ရေးမြို့နယ်တာဝန်ခံ ဒေါ်အိဖြိုးသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ရန်မျိုးအောင်ရပ်ကွက်အတွင်းရှိ မသမီးကုန်စုံဆိုင်နှင့် အောင်သုခရပ်ကွက်အတွင်းရှိ မေမေကုန်စုံဆိုင်တို့တွင် စားဆီအမျိုးမျိုးရောင်းချခြင်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

၁၄.၁၁.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး၊ မော်လမြိုင်ခရိုင်ဦးစီးမှူးနှင့် မော်လမြိုင်မြို့နယ်တာဝန်ခံတို့သည် မွန်ပြည်နယ် ကွန်ပျူတာလုပ်ငန်းရှင်များအသင်းမှပြုလုပ်သော “ကွန်ပျူတာသင်တန်း” ရှိ သင်တန်းသား၊ သင်တန်းသူ (၅၀) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်း သိရပါသည်။
