သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည်(၁၀.၃.၂၀၂၅)ရက်နေ့ နံနက်(၀၉:၀၀) နာရီအချိန်တွင် ကြံခင်းမြို့၊ သိပ္ပံလမ်း၊ ရွာသစ်ရပ်ကွက်ရှိ မြို့နယ်မီးသတ်တပ်ဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့ စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့သည် ၂၀၂၅ခုနှစ် မတ်လ (၁၀)ရက်နေ့တွင် သမတ်ပြေကျေးရွာရှိ ဒေါ်အေးမူ ပိုင်ဆိုင်သော ဆန်းသစ်ကျော်ဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှု့နှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတတ်စေရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမိုးမင်းသည် ၂၀၂၅ ခုနှစ်၊ (၁၁) ရက်နေ့၊ နံနက်(၁၃:၀၀) နာရီအချိန်တွင် ကျိုက်လတ်မြို့နယ် လှည်းဆိပ်ကျေးရွာရှိ “အောင်သုခ” ဆန်စက်သို့ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၁၁)ရက်နေ့တွင် ကျိုက်လတ်မြို့ အမှတ်(၅)ရက်ကွက်ရှိ ချယ်ရီငါးရံ့ခြောက်ဖုတ် လုပ်ငန်းသို့ သွားရောက်၍ ထုတ်လုပ်ပုံအဆင့်ဆင့် အလုပ်သမားခန့်ထားမှု့ ရောင်းဝယ်ဖောက်ကားမှု့ အခြေအနေများနှင့် MSME လုပ်ငန်းများ ဖွံ့ဖြို့တိုးတက်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် မတ်လ(၁၀) နံနက် (၁၀:၃၀)နာရီအချိန်တွင် (၁၀)ရပ်ကွက် ဦးလှသိန်းလမ်းရှိ “ပွင့်သစ်စ”ခေါက်ဆွဲမုန့်ဟင်းခါးဖို လုပ်ငန်းသို့ ထုတ်ကုန်လုံခြုံစိတ်ချမှု ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
