Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
18 Mar 2025

            စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ညောင်တုန်းမြို့ နယ်ဦး စီးမှူးရုံးသည် ၂၀၂၅ ခုနှစ်၊ မတ်လ (၁၀.၃.၂၀၂၅)ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန် ညောင်တုန်း မြို့နယ် အရွဲကျေးရွာ ရွှေဝါနဒီ ဆန်စက်သို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဆန်စက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

18 Mar 2025

စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တာဝန်ခံ နှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း ပါဝင်သောအဖွဲ့သည် (၁၆.၃.၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၃၀)အချိန်တွင် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ဆင်းကတ်များအား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အမိန့်ကြော်ငြာစာ၊ အမိန့် ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆင်းကတ်များ စနစ်တကျမှတ်ပုံတင် ရောင်းချနိုင်ရန်

18 Mar 2025

စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၇.၃.၂၀၂၅)ရက်နေ့၊ နံနက်(၀၈း၀၀)နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဈေးသူ ဈေးသားများအား Plastic Campaign ပြုလုပ်ခြင်းနှင့် ဈေးကွက်အတွင်း  ရောင်းချလျက်ရှိသည့် စားသုံးဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်ခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

18 Mar 2025

             စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ်တာဝန်ခံသည် (၁၀.၃.၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ပန်းတနော်မြို့နယ်တာဝန်ခံရုံးတွင်  ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင်(၃၀)ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး ဟော ပြောခြင်း ဆောင်ရွက်ခဲ့ပါသည်

18 Mar 2025

       ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနနှင့်ပူးပေါင်း၍(၁၇.၂.၂၀၂၅) ရက်နေ့ နံနက်(၉:၀၀) နာရီအချိန်တွင် ပြန်ဆက်ဦးစီးဌာန C0mmunity Center တွင် ဦးစီးမှူးဒေါ်ခင်ခင်ထိုက်က ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အကြောင်း အသိပညာပေး Talk Show ကျင်းပဆောင်ရွက်ခဲ့ပါသည်။

Pages