သတင်းနှင့် လှုပ်ရှားမှုများ
ဘိုကလေးမြို့စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ် (၁၀)ရက်နေ့တွင် (၁၇)ရပ်ကွက် ဒုတိယလမ်းရှိ “သုခ” သုံးထောင်မုန့်လုပ်ငန်းသို့ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

နှစ်စဉ် မတ်လ(၁၅)ရက်နေ့ရောက်တိုင်း ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားကို အပြည်ပြည်ဆိုင်ရာ စားသုံးသူများအဖွဲ့က နှစ်စဉ် ဆောင်ပုဒ်များသတ်မှတ်ထုတ်ပြန်၍ ကမ္ဘာတစ်ဝန်း စည်ကားသိုက်မြိုက်စွာကျင်းပလျှက်ရှိရာ ၂၀၂၅ ခုနှစ်၊ မတ်လ (၁၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ စားသုံးသူအခွင့်အရေးများနေ့ ဆောင်ပုဒ်မှာ (A Just Transition to Sustainable Lifestyles )ဖြစ်ပြီး ဘာသာပြန်ဆိုချက်အရ "လူနေမှုဘဝအစဉ်တည်တံ့ဖို့ မျှတအသွင်ကူးပြောင်းစို့" ဖြစ်ပါသည်။

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချမှုရှိစေရေးအတွက် ရည်ရွယ်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့် ပူးပေါင်း၍ (၇-၃-၂၀၂၅)ရက်နေ့၊ နံနက် (၀၉း၃၀)နာရီအချိန်တွင် ကံမမြို့အမှတ် (၁၊၂၊၃၊၄)ရပ်ကွက်များရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည်(၇-၃-၂၀၂၅) ရက်နေ့နံနက်(၁၁း၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ကံမမြို့ အမှတ်(၄)ရပ်ကွက်ရှိ ကုန်စုံဆိုင်(၃) ဆိုင်တို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံသော ကုန်စည်များ ဈေးကွက်အတွင်းရောင်းချနေမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံသည် (၇-၃-၂၀၂၅)ရက်နေ့၊ (၀၉း၀၀) နာရီအချိန်တွင် ကံမမြို့ မြို့မစည်ပင်သာယာဈေးရှိ ဈေးတာဝန်ခံရုံး၌ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်တို့နှင့်ပူးပေါင်း၍ စားသုံးသူပြည်သူများအား အသိပညာပေးဟောပြော ပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။
