သတင်းနှင့် လှုပ်ရှားမှုများ
၂၀၂၅ ခုနှစ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် (၇-၃-၂၀၂၅) ရက်နေ့တွင် ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် ပူးပေါင်း၍ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အကြောင်း အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ပါသည်။

စားသုံးသူသူရေးရာဦးစီးဌာန၊ ကျောက်ဆည်ခရိုင်ဦးစီးမှူးမှ စစ်ဆေးရေးအရှိများသည် ၂၀၂၅ ခုနှစ်၊ မတ်လ(၄)ရက်နေ့တွင် ကျောက်ဆည်ခရိုင်အတွင်းရှိ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်များရှိ CP ကြက်ကင်၊ ကြက်ကြော်ဆိုင်များသို့ သွားရောက်၍ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် CP ကြက်အူချောင်း၊ ဝက်အူချောင်းများပေါ်တွင် ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်း ဖော်ပြချက်များ ပါဝင်မှုရှိ/ မရှိစစ်ဆေးခဲ့ရာ အခ

စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၅ခုနှစ်၊ မတ်လ ( ၅ ) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးရှိအသင့်ကင်စားနိုင်သည့် ကြက်အူချောင်း၊ ဝက်အူချောင်းများရောင်းချနေသောအရောင်းဆိုင်များသို့ ဝန်ထမ်း(၃)ဦးသည် မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင် ၏(၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့် ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ၂၀၂၅ ခုနှစ်၊ မတ်လ (၄) ရက်နေ့၊ နေ့လည် (၁၄:၀၀) နာရီအချိန်တွင် တိုင်းဒေသကြီးဦးစီးမှူးနှင့် အရာထမ်း များ/အမှုထမ်းများနှင့် ချမ်းအေးသာစံမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူးနှင့် မီးသတ် တပ်ဖွဲ့ဝင်များအတူ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့ သရုပ်ပြလေ့ကျင့်မှု ဆောင်ရွက်ခဲ့ပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင် ဦးစီးမှူးရုံးတွင် (၄.၃.၂၀၂၅)ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်၌ ခရိုင်ဦးစီးမှူး နှင့် MSME လုပ်ငန်း ရှင်များတွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိရေးနှင့်ပတ်သက်၍ အသိပညာ ပေးဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
