Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
10 Mar 2025

            ပန်းတနော်မြို့နယ် ဒေသတွင်းရောင်းချနေသော အသင့်စား ကြက်အူချောင်း၊ ဝက်အူချောင်း ရောင်းဝယ်မှုအခြေအနေများကို စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲနှင့်အတူ (၆.၃.၂၀၂၅) ရက်နေ့ နံနက် (၁၀း၀၀) နာရအချိန်တွင် အနောက်ပိုင်းရပ်ကွက်(၂)ဆိုင်၊ မြို့မဈေးအတွင်းမှ ၂ဆိုင်၊ ဘုရင်နောင်တံတား ဗိုလ်ချုပ်လမ်းတွင် (၁) စုစုပေါင်း (၅)ဆိုင်အား ရောင်းဝယ်နေမှုအခြေအနေကို ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

10 Mar 2025

စားအုန်းဆီများကို ရန်ကုန်တိုင်း‌ဒေသကြီးရှိ ဆီကုမ္ပဏီများမှ မြိတ်ခရိုင်အပါအဝင် အခြားတိုင်းနှင့်ပြည်နယ်များသို့  ဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး သတ်မှတ်ရည်ညွှန်းစျေးနှင့် သတ်မှတ်ခွဲတမ်းများဖြင့် တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ခုနှစ်၊ မတ်လ(၆) ရက်နေ့တွင် GGPG ကုမ္ပဏီမှ ဖြန့်ခွဲရောင်းချပေးသော စားအုန်းဆီပေပါ(၇၀)သည် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ကြောင်းသိရှိရပါသည်။ အဆိုပါစားအုန်းဆီများကို ၂ ရာခိုင်နှုန်းအမြတ်ဖြင့် လက် လီ ဆိုင်များသို့ ခွဲဝေ‌ရောင်းချပေးသွားမည်ဖြစ်ကြော

10 Mar 2025

မြိတ်ခရိုင်စားသုံးသူ‌ရေးရာဦးစီးဌာနသည် မြိတ်ခရိုင်အတွင်းရှိ CP ကုမ္ပဏီမှ ဖြန့်ဖြူရောင်း ချလျက်ရှိသော အသင့်ကင်စားနိုင်သည့် ကြက်အူချောင်း၊ ဝက်အူချောင်းများ၏ ထုတ်ကုန်များကို ၂၀၂၅ခုနှစ်၊ မတ်လ(၅)ရက်နေ့တွင် မြိတ်မြို့ပေါ်ရှိ mini market များနှင့် Super market များတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

10 Mar 2025

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သည် ဆန်စပါးစိုက်ပျိုးသော်လည်း ဆန်စပါးထွက်ရှိမှု မလုံလောက်ခြင်းတို့ကြောင့် မြိတ်ခရိုင်ဆန်ကုန်သည်များအသင်းမှ မြိတ်ခရိုင်အတွက်လိုအပ် သောဆန်များကို အခြားတိုင်းနှင့်ပြည်နယ်များမှ သယ်ယူလျက်ရှိပြီး ၂၀၂၅ခုနှစ်၊ မတ်လ(၄)ရက် နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကျိတ်လတ်မြို့နယ်တို့မှ သယ်ယူလာသော ဆန်အိတ် ၉၀၀၀ (၄၅၀တန်)သည် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

10 Mar 2025

 စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများအတွက် ဘေးအန္တရာယ်ကင်းစေရန်နှင့် ဘေးအန္တရာယ်ကင်းသောစားသောက်ကုန်များ ရွေးချယ်ဝယ်ယူစားသောက်နိုင်စေရန်  အတွက် ၂၀၂၅ခုနှစ်၊ မတ်လ(၅)ရက်နေ့တွင် မြိတ်မြို့၊ ဆိပ်ငယ်ရပ်၊ ကမ်းနားလမ်းရှိ ခရိုင်စားသုံးသူရေးရာ ဦးစီးဌာနတွင် ပြည့်ဆပ်ပြာဆီလုပ်ကိုင်လျက်ရှိသော လုပ်ငန်းရှင်နှင့်တွေ့ဆုံပြီး ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာပါရှိနိုင်ရေး အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်းသတင်းရရှိပါ သည်။

Pages