သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်ရှိ မြို့မဈေးအတွင်း (၆.၃.၂၀၂၅) ရက်နေ့၊ နံနက် (၀၈:၀၀)နာရီအချိန်တွင် တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ဦးဆောင်၍ ပုသိမ်မြို့နယ် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ နှင့်အတူ ပူးပေါင်းအဖွဲ့ဖြင့် မျှင်ငါးပိ၊ ခေါက်ဆွဲနှင့် မုန့်ဟင်းခါးဖတ်များတွင် ဓာတုဆေးဝါးများပါဝင်မှုရှိ/မရှိ ရှောင်တခင်ဝင်ရောက်စစ်ဆေးပြီး ဈေးကွက်နမူနာကောက်ယူစစ်ဆေး၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးတို့ သည် မြို့နယ်ဆန်စပါးနှင့်ဆန်ကုန်သည်များအသင်းမှ အဖွဲ့ဝင်နှင့်အတူ ၂၇.၂.၂၀၂၅ ရက်နေ့ နေ့လည် (၂:၃၀)နာရီအချိန်တွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ ဆန်ဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၇)ရက်နေ့ နေ့လည် (၂:၀၀)နာရီအချိန်တွင် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ ပွင့်ဖြိုးခိုင်၊ ဇွဲ၊ ထိန်ထိန်လင်းဆန်ဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် မြို့နယ်ဆန်စပါးနှင့်ဆန်ကုန်သည်များအသင်းမှ အဖွဲ့ဝင် ဦးတင်ရွှေနှင့်အတူ ဆန်များရောနှောရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးတို့ သည် ၂၇.၂.၂၀၂၅ ရက်နေ့ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် ရွှေပြည်သာမြို့နယ်ရှိ ဆန်ရောင်းချနေ သော ထိပ်တန်း၊ ကောင်းကောင်းဆန်ဆိုင်သို့သွားရောက်၍ ဆန်ရောင်းချမှုအခြေအနေအား ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

(၄.၃.၂၀၂၅)ရက်နေ့ နေ့လည်(၁:၀၀)အချိန်မှစ၍ စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စုံစမ်းရေးမှူးတို့လိုက်ပါ၍ ရွှေပြည်သာ မြို့နယ်ရှိ စားအုန်းဆီလက်လီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက် ခဲ့ပါသည်။
