Main menu

ကျောင်းကုန်းမြို့နယ် ဆောက်အိုင်အုပ်စုတွင်  ဆီရောင်းချခြင်းအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာ ဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ကျောင်းကုန်းမြို့နယ် ဆောက်အိုင်အုပ်စုတွင် ဆီရောင်းချခြင်းအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          အဆိုပါစစ်ဆေးမှုတွင် ရပ်ကွက်အတွင်းရှိ စားသုံးသူပြည်သူများအား ဆီစာအုပ်တွင် ရောင်းချသည့်ရက်စွဲ၊ ဈေးနှုန်းများပါရှိခြင်း ရှိ/ မရှိ စစ်ဆေးခြင်း၊ လူတစ်ဦးလျှင် မည်သို့ရောင်းချကြောင်း၊ ချိန်တွယ်ရာတွင် ချိန်တွယ်ပြည့်မှီအောင် ရောင်းချခြင်းရှိ/ မရှိ၊ သတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချရှိ/ မရှိနှင့် ဆိုင်းဘုတ်ချိတ်ဆွဲရောင်းချခြင်းတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)