သတင်းနှင့် လှုပ်ရှားမှုများ
၂၀၂၅ ခုနှစ် ၊ မတ်လ ၆ ရက်နေ့၊ (၁၅း၀၀)နာရီ အချိန်တွင် ထားဝယ်မြို့၊ စားသုံးသူရေးရာ ဦးစီဌာန၊တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် အွန်လိုင်း ရောင်းချမှုနှင့်စပ်လျဥ်း၍ မှတ်ပုံတင်လျှောက်ထားသည့် ထားဝယ်မြို့၊ ဇရစ်ရပ်ရှိ လက်ဝတ်ရတနာ ပစ္စည်းများရောင်းချလျက်ရှိသည့် Online လုပ်ငန်းများအား မြေပြင်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါ သည်။

၂၀၂၅ ခုနှစ်၊ မတ်လ၊ ၆ ရက်နေ့၊ နံနက်(၀၅:၃၀)အချိန်တွင် တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး ရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကြက်စားပြင် ရပ်ရှိ အောင်တံခွန် ကိုယ်ပိုင်ငါးစျေးအား မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေး အဖွဲ့တို့နှင့်အတူ စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ မြို့ပေါ်ရပ်ကွက်များရှိ ဆေးဆိုင်များနှင့် အလှကုန်ဆိုင်များအား ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်းကို ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ ဝန်ထမ်းများပူးပေါင်း၍ (၆.၃.၂၀၂၅)ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ FDA၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်မှူးနှင့် ဝန်ထမ်းများသည် (၅.၃.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် မြို့ပေါ်ရှိ CP ကြက်အူချောင်း ဖြန့်ဖြူးသည့်ရုံးသို့ သွားရောက်၍ ကြက်အူချောင်းတင်သွင်းဖြန့်ဖြူးမှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေများကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ မြို့ပေါ်ရှိ အလှကုန်အရောင်းဆိုင်များအား (၇.၃.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနမှ ဦးဆောင်၍ ပုသိမ်မြို့နယ် အစားအသောက်နှင့်ဆေးဝါးကြီးကြပ် ကွပ်ကဲရေး ကော်မတီနှင့်အတူ ပူးပေါင်းအဖွဲ့ဖြင့် တားမြစ်ထားသော အလှကုန်ပစ္စည်းများရောင်းချခြင်းရှိ/ မရှိ ရှောင်တခင်ဝင်ရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ တားမြစ်ထားသော အလှကုန်များအား မြို့နယ်ကျန်းမာရေးဦးစီးဌာနရုံးဝင်းအတွင်
