Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
10 Mar 2025

            စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှစစ်ဆေးရေးအရာရှိ ဒေါ်အေးအေးမော် နှင့်ဝန်ထမ်းများသည် (၅.၃.၂၀၂၅) ရက်နေ့ ၊ နံနက်(၀၉:၀၀)အချိန်တွင် အဝတ်အထည်နှင့် လူသုံးကုန်ပစ္စည်းများ ရောင်းဝယ်ရေးလုပ်ငန်း အမှတ်(၁၈)၊ (၁၄၇)လမ်း၊ (၅)လွှာ၊ အရိုးကုန်း ရပ်ကွက်၊ တာမွေမြို့နယ် သို့ သွားရောက်၍ Online Sale မှတ်ပုံတင်မြေပြင် စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များ ကိုက်ညီမှု ရှိ/မရှိ ကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

10 Mar 2025

           သဘာဝဆီးရွင်ဆေးဖြစ်နေတဲ့ ကညွတ်သည် ခန္ဓာကိုယ်ထဲကရေတွေကို ထုတ်ပယ်ပေးပြီး မလိုလားအပ်တဲ့ အငန်ဓာတ်နဲ့ အရည်ဓာတ်ပါဝင်မှုကို လျော့နည်းစေပါတယ်၊ သွေးတိုးရောဂါ ဒါမှမဟုတ် ဖောရောင်ခြင်း ခံစားနေရတဲ့သူတွေအတွက် အကျိုးပြုပေးနိုင်တဲ့ ဓာတ်စာလည်းဖြစ်ပါသည်။ မြန်မာ့ဆေးကျမ်းများအရ ကညွတ်မှာ ချိုအေးသောအရသာရှိ၍ အေးသောဂုဏ်ရှိပြီး၊ သလိပ်ကိုကြေစေပြီး သွေးရောဂါများကိုနှိမ်နင်းပါသည်။ အရွက်၊ အပင်၊ အရိုး၊ အမြစ်၊ အသီးအားလုံးသည် လူကိုအကျိုးပြုသော်လည်း အရိုး၊ အမြစ်သည် အဓိကအသုံးဝင်ပါသည်။

10 Mar 2025

၂၇.၂.၂၀၂၅ ရက်နေ့ နေ့လည်(၂:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ  စားအုန်းဆီလက်ကား ကိုယ်စားလှယ်များဖြစ်သော ဦးထွန်းဇော်သောင်း၊ ဒေါ်အေးရှိန်၊ ဦးမျိုးမင်းထွန်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

Pages