Main menu

ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်းသို့ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေး

Powered by Drupal

              စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးသည် မိမိတို့ဒေသတွင်းရှိ လုပ်ငန်းများမှ ထုတ်လုပ်တင်သွင်းဖြန့်ဖြူးသော ကုန်စည်အမျိုးအစားများ၌ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့်အညီ  ဖော်ပြနိုင်စေရေး၊ လုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့၏  ကုန်စည်များကို ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်အညီ ထုတ်လုပ်ခြင်း၊ တင်သွင်း ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းများ ဆောင်ရွက်လာစေရန် ရည်ရွယ်၍ ဈေးကွက်မရောက်မီ စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းကို လစဉ်ဆောင်ရွက်လျှက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် စစ်ကိုင်းခရိုင်ဦးစီးမှူး ဦးဆောင်၍ ဝန်ထမ်း(၂)ဦးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူ နှင့်အတူ စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်ရှိ “ရွှေမြင့်မိုရ်” ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်းသို့ ဈေးကွက် မရောက်မီ စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

            “ရွှေမြင့်မိုရ်” ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်းမှ ထုတ်လုပ်သည့် “ထောပတ်ကိတ်ခြောက်” (၂၀၀)ဂရမ် ကုန်စည်အမျိုးအစားအား စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထား သည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ ကိုက်ညီမှုရှိကြောင်း  စိစစ်တွေ့ရှိရသည်။ စားသုံးသူ ရေးရာဦးစီးဌာနမှ တာဝန်ရှိသူက စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အချက်အလက်များ၊ ဥပဒေ အခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း (၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းပြောကြားခဲ့ပြီး အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)