Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
10 Mar 2025

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်မော်ကျွန်းမြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ်နှင့်ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၄.၃.၂၀၂၅) ရက်နေ့ နေ့လယ်(၀၂:၀၀) နာရီအချိန်တွင် ရွှေမြန်အောင်ကုမ္ပဏီ၏ (ယာဉ်အမှတ် 9E-6423) မော်တော်ယာဉ်ဖြင့် မော်ကျွန်းမြို့နယ် စက်သုံးဆီအရောင်းကိုယ်စားလှယ်များထံသို့ စက်သုံးဆီကားရောက်ရှိလာမှုကို သွားရောက်စစ်ဆေးခဲ့ပါသည်။

10 Mar 2025

          စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်း အဖွဲ့ဝင်များသည် မြို့နယ်တွင်း ပြည်သူများ အခြေခံစားသောက်ကုန် စားအုန်းဆီများ ဈေးနှုန်းမှန်ကန်တည်ငြိမ်စွာဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက် စစ်ဆေးရေးအဖွဲ့ဖြင့် လစဉ် ကွင်းဆင်းစစ်ဆေးခြင်းကိုဆောင်ရွက်ခဲ့ပြီး (၅.၃.၂၀၂၅) ရက်နေ့ နံနက် (၀၉း၃၀) နာရီအချိန်တွင် မအူပင်မြို့မဈေးအတွင်း စားအုန်းဆီ လက်ကားဆိုင် (၁၂)ဆိုင်ကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

10 Mar 2025

          စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများဘေးအန္တရာယ်ကင်းစွာ စားသောက်ကုန်များကို ဝယ်ယူစားသုံးနိုင်ရေး ကုန်ဈေးနှုန်းမှန်ကန်စွာ ကုန်စည်များဝယ်ယူသုံးစွဲနိုင်ရေးအတွက် ဒေသတွင်းရောင်းချနေသော အသင့်စားကြက်အူချောင်း၊ ဝက်အူချောင်းရောင်းဝယ်မှု အခြေအနေများကို စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲနှင့်အတူ (၅.၃.၂၀၂၅) ရက်နေ့ နံနက် (၀၉း၃၀) နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

10 Mar 2025

             စားသုံးသူရေးရာဦးစီးဌာနသည် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန်၊  လုံခြုံစိတ်ချရမှုရှိစေရန်၊ ထုတ်ကုန်လုံခြုံစတ်ချရမှုမရှိသောကုန်စည်များ ဈေးကွက်အတွင်းသို့ မရောက်ရှိစေရန်နှင့် ဈေးကွက်အတွင်းမှ ပပျောက်သွားစေရန် ရည်ရွယ်ချက်၍  ၅.၃.၂၀၂၅ ရက်နေ့တွင် ဓနုဖြူမြို့နယ် မြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ဓနုဖြူမြို့ နယ် (၅)ရပ်ကွက်အတွင်းရှိ အလှကုန်ပစ္စည်းအမျိုးမျိုး ရောင်းချနေသောစတို

10 Mar 2025

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးက လှည်းကူးဒီကရီ ကောလိပ် တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး‌‌ဟောပြောဆွေးနွေးပွဲ အခမ်းအနားကို ၅.၃.၂၀၂၅ ရက်နေ့ တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို စားသုံးသူ ရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်နှင့်တကွ အရာထမ်း၊ အမှုထမ်းများ၊ လှည်းကူး ပညာရေးဒီကရီကောလိပ်မှ ကျောင်းအုပ်ကြီးနှင့်တကွ ဆရာ၊ ဆရာမများ စုစုပေါင်း ၅၀၀ ဦး တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားစတင်ချိန်တွင် လှည်းကူးပညာရေးဒီကရီကောလိပ

Pages