Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
10 Mar 2025

             စားသုံးသူရေးရာဦးစီးဌာနမှ ဖျာပုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ဖေဖော်ဝါရီလ (၅)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဖျာပုံမြို့ပေါ်ရှိ စတိုးဆိုင်၊ ကုန်မျိုးစုံဆိုင်နှင့် ကုန်စိမ်းအရောင်းဆိုင်များတွင် CP ကုမ္ပဏီမှ  ရောင်းချလျက်ရှိသော  အသင့်စားနိုင်သည့် ကြက်အူချောင်း၊ ဝက်အူချောင်း တင်သွင်းရောင်းချမှုရှိ/ မရှိ ကွင်းဆင်စစ်ဆေးခဲ့ကြောင်း သိရသည်။

10 Mar 2025

           စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ကျောင်းကျန်းမာရေးဝန်ထမ်းတို့ ပူးပေါင်း၍ မတ်လ (၃)ရက်နေ့တွင်  စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာများကို ကျန်းမာရေးဝန်ထမ်း (၈၂)ဦးအား  အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

10 Mar 2025

              ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့ရှိ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးမှူးသည် ၂၀၂၅ခုနှစ် မတ်လ (၄)ရက်နေ့တွင် နံနက်(၁၀:၀၀)နာရီအချိန်တွင် အလှကုန်ရောင်းချသည့် စတိုးဆိုင်များအား စစ်ဆေးရေးမှူး၏ တာဝန်များအရ ပြည်တွင်းထုတ်လုပ်သည့် ကုန်စည်များနှင့် ပြည်ပမှတင်သွင်းသော ကုန်စည်များ ဘေးအန္တရာယ်ရှိ/ မရှိ၊ (၁၀)ဂရမ် အထက် အလှကုန်ပစ္စည်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

10 Mar 2025

         စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည်(၄.၃.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀) နာရီအချိန်တွင် အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့၊ တာကြီးတန်း၊ အမှတ်(၂)ရပ်ကွက်ရှိ စားအုန်းဆီအရောင်းကိုယ်စားလှယ်နှင့် တွေ့ဆုံဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

Pages