သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကုန်သည်များ အသင်း၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် (၄.၃.၂၀၂၅) ရက်နေ့တွင် ပုဇွန်တောင်မြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရပ်ကွက်နှင့် ဈေးများရှိ ဆန်အရောင်းဆိုင်အချို့အား စိစစ်ခဲ့ရာ ဆန်ရောင်းချသည့် အမျိုးအစားများတွင် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း၊ ဧည့်မထ စသည့် ဆန်အမျိုးအစားများကိုသာ ရောင်းချ လျက်ရှိပြီး အဆိုပါဆန် အမျိုးအစားများသည် ရန်ကုန်တိုင်းဒေသကြီးမြို့နယ်မျာ

(၅-၃-၂၀၂၅) ရက်နေ့၊ (၁၂:00)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း(ဌာနခွဲစာရေး) နှင့်ဝန်ထမ်းများသည် အမှတ်(၂)ဈေး၊ အရှေ့ ဒဂုံ၊ တဖက်ရပ်ရုံအမှတ်(၁၇)၌ ဖွင့်လှစ်ထားသည့် ဒေါ်ရီရီဝင်းဆန်ဆိုင်သို့ သွားရောက်၍ ဆန် ရောင်းချမှု အခြေအနေအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

(၄-၃-၂၀၂၅)ရက်နေ့၊ (၁၀:00)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးလှစိုး (ခရိုင်ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် ဆန်ရောင်းချနေသော အမှတ်(၂)ဈေး၊အရှေ့ဒဂုံ၊တဖက်ရပ်ရုံအမှတ်(၂၈-၂၉) ၌ ဖွင့်လှစ်ထားသည့် ဦးကျော်သူ ဆန်ဆိုင် သို့သွားရောက်၍ ဆန်ရောင်းချမှုအခြေအနေအား ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက် ခဲ့ကြကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမြသန်းနိုင် (လ/ထကြီး ကြပ်ရေးမှူး) နှင့် ဝန်ထမ်းများသည် (၄-၃-၂၀၂၅) ရက်နေ့ ၊ (၁၁:၀၀) နာရီအချိန်တွင် ဆန် ရောင်းချနေသော အမှတ် (၁၁၄၉)၊ (B)၊ ဖျာပုံလမ်း၊ (၇)ရပ်ကွက်၊ ဒဂုံအရှေ့မြို့နယ်၌ ဖွင့်လှစ် ထားသည့် (အမေမြ) ဆန်ဆိုင်သို့ သွားရောက်၍ ဆန်ရောင်းချမှုအခြေအနေအား ကွင်းဆင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါ သည်။

ကော့မှူးမြို့နယ်၊ မတ်လ (၆) ရက်
