သတင်းနှင့် လှုပ်ရှားမှုများ
၂၀၂၅ ခုနှစ်၊ မတ်လ ၅ ရက်နေ့၊ နံနက်(၁၀:၃၀) နာရီအချိန်တွင် ထားဝယ်အထူးစီးပွားရေးဇုန် ၁၅/ ၂၀၂၄-၂၀၂၅ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ Virtual ဖြင့်တက်ရောက်ခဲ့ပါသည်။

၂၀၂၅ ခုနှစ်၊ မတ်လ (၅) ရက်နေ့၊ နံနက် (၀၈း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ထားဝယ်မြို့၊ အိုးလုပ်ဈေးအတွင်းရှိ စားသောက်ကုန်ပစ္စည်းအမျိုးမျိုး ရောင်းချသည့်စျေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

၂၀၂၅ ခုနှစ်၊ မတ်လ (၄)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့စီးပွားရေးရာဝန်ကြီးဦးဆောင်၍ ဆီအုန်းစိုက်ပျိုးထုပ်လုပ်ရောင်းချသူများအသင်းဖွဲ့စည်း နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးအား စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

၂၀၂၅ခုနှစ်၊ မတ်လ (၄)ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ သုံးထပ်ဆောင်အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်မည့် တနင်္သာရီတိုင်းဒေသကြီးတရားမဝင်ဆင်ကတ်ရောင်းချမှု စစ်ဆေးရေးအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့်အတူ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တက်ရောက်ခဲ့ကြောင်း သိရသည်။

(၃.၃.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပျက်စီးဆုံးရှုံးမှုစာရင်းများကောက်ယူမည့်ပုံစံ ရှင်းလင်းခြင်းဆင့်ပွားသင်တန်းသို့ တနင်္သာရီတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် အတူ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တက်ရောက်ခဲ့ကြောင်း သိရသည်။
