
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် တာဝန် ခံသည် ဟင်္သာတခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှဦးဆောင်၍ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍(၂၆.၁.၂၀၂၆)ရက်နေ့ နံနက် (၀၉:၃၀) နာရီ အချိန်တွင် ဟင်္သာတမြို့နယ် ပဒေသာဈေးနှင့်ဌေးဝင်းဈေးအတွင်းရှိ စားသောက်ကုန်စည်များ၊ ဓါတု ဆိုးဆေး အသုံးပြုနိုင်သော မျှင်ငါးပိ၊ ငရုတ်သီးမှုန့်၊ ပဲပြား၊ မုန့်ဖတ်နှင့် ငံပြာ ရည်၊ ငါးပိတို့ကို နမူနာကောက်ယူစစ်ဆေးခြင်းနှင့် မြေပြင်သိမ်းဆည်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။
ထိုသို့ကွင်းဆင်းခဲ့ရာတွင် ပူးပေါင်းအဖွဲ့သည် ဟင်္သာတမြိုနယ် ပဒေသာဈေးနှင့် ဌေးဝင်းဈေး အတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချသော အစားအသောက်များ၊ ငရုတ်သီးမှုန့်၊ ပဲပြား၊ မုန့်ဖတ်များနှင့် ပြန်လည်ပြုပြင်ထုတ်ပိုးထားသော ကုန်စည်များတွင် ဓါတုဆိုးဆေးသုံးစွဲထားမှု ရှိ/မရှိ ၊ Date လွန်ကုန်စည်များ ရောင်းချမှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ ဓါတ်ခွဲစစ်ဆေးတွေ့ရှိချက်အရ တချို့သော ကုန်စုံဆိုင်များတွင် အများပြည်သူများ စာသုံး ရန် မသင့်သော ဓါတုဆေးပါရှိသည့် မျှင်ငါးပိနှင့် ငရုတ်သီးမှုန့်များအားတွေ့ရှိခဲ့ပြီး ဟင်္သာတခရိုင် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီမှ ပြန်လည်သိမ်းဆည်း ဖျက်ဆီးဆောင် ရွက်မှုတွင် ပါဝင်ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ့်တာဝန်ခံ ဦးမိုးကျော်က စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် စားသုံးသူကာကွယ် ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် တားမြစ်ချက်များအကြောင်း၊ စီးပွားရေး လုပ် ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ် အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်စသည် တို့ကို အသိပညာပေးဆွေးနွေးခဲ့ ကြောင်း သတင်းရရှိပါသည်။
DOCA (ဧရာဝတီ)
