Main menu

စစ်ဆေး‌ရေးအရာရှိများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ သင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်း ဖွင့်လှစ်ကျင်းပ

Powered by Drupal

နေပြည်တော်၊ ဖေဖော်ဝါရီလ ၅

          စစ်ဆေး‌ရေးအရာရှိများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ သင်တန်းအမှတ်စဉ် (၁/၂၀၂၆) ကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ (၃) ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်မှ သင်တန်းသား (၈)ဦး အနေဖြင့် ရုံးအမှတ် (၅၂) တွင် In Person တက်ရောက်ပြီး  ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စစ်ဆေးရေး အရာရှိ (၁၀၈) ဦးအနေဖြင့် Online (Zoom Platform) မှတဆင့် တက်ရောက်ခဲ့ပြီး သင်တန်းကို Hybrid ပုံစံဖြင့် ဖွင့်လှစ်ခဲ့ပါသည်။

       အဆိုပါသင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင် တက်ရောက်၍ အမှာစကား ပြောကြားခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်တကွ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြား ရေးမှူးများ၊ ဘာသာရပ်တာဝန်ခံများ၊ ရုံးချုပ်မှသင်တန်းသားများနှင့် တာဝန်ရှိသူများက In Person တက်ရောက်ခဲ့ပြီး ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးများနှင့် သင်တန်းသားများက Virtual စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။

        သင်တန်းပြီးမြောက်ကြောင်း အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့၊ နေ့လယ် ၁၄:၀၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန ထုတ်ကုန်လုံခြုံစိတ်ချရ မှုဌာနခွဲ ညွှန်ကြားရေးမှူး ဦးစိုးဝင်းမောင်က အမှာစကားပြောကြားခဲ့ပြီး ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ဘာသာရပ် တာဝန်ခံများ၊ ရုံးချုပ်မှသင်တန်းသားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

      အဆိုပါသင်တန်းတွင် စစ်ဆေးရေးအရာရှိများအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ၊ နည်းဥပဒေများနှင့် ညွှန်ကြားချက်များအား နားလည်သဘောပေါက်စေရန်နှင့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစေရေး အတွက်လည်းကောင်း၊ ကုန်အညွှန်း အမှတ်အသား စစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင်လည်းကောင်း၊ တိုင်ကြားမှုများအား စုံစမ်းစစ်ဆေးရာတွင် လည်းကောင်း လုပ်ထုံးလုပ်နည်း မှန်ကန်စွာဖြင့် ထိရောက်စွာ ဆောင်ရွက် တတ်စေရန်အတွက် သင်ကြားပို့ချခဲ့ကြောင်းသိရှိရပါသည်။

DOCA(ProductSafety)