သတင်းနှင့် လှုပ်ရှားမှုများ
ပုသိမ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန်ကြီးထောင့်မြို့နယ်၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် ပူးပေါင်းအဖွဲ့များနှင့် ပူးပေါင်း၍ ၈.၁၀.၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် ကန်ကြီးထောင့်မြို့၊ ရွာသစ်ကုန်းကျေးရွာအတွင်းရှိ စားအုန်းဆီအရောင်းဆိုင်များအား သတ်မှတ် ဈေးနှုန်းဖြင့် ရောင်းချခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် (၇.၁၀.၂၀၂၄)ရက်နေ့ နေ့လယ် (၁၅:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍စားသုံးသူပြည်သူများအား ဝါးခယ်မမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ခဲ့ ပါသည်။

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၄.၁၀.၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၁၀) အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်နှင့်ဝန်ထမ်းများသည် မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍(၈.၁၀.၂၀၂၄)ရက်နေ့ နံနက် (၁၀:၀၀)အချိန်တွင် ဆိပ်ကမ်းသာဈေးအတွင်းရှိ မြင့်မိုရ်ဆေးဆိုင်နှင့် အောင်ဆေးဆိုင်များအား ဆေးဝါးပြတ်လပ်မှု ရှိ/မရှိ နှင့် ဈေးနှုန်းအခြေအနေများအားကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် မော်ကျွန်းမြို့နယ် တာဝန်ခံဦးမင်းဇော်လတ်နှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၈.၁၀.၂၀၂၄)ရက်နေ့ မွန်းလွဲ(၁၃:၀၀)နာရီအချိန်တွင် (၁၃)လမ်းရှိ ကုန်မျိုးစုံဆိုင်များတွင်ရောင်းချ နေသောအသင့်စားခေါက်ဆွဲခြောက်ထုပ်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
