Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
07 Feb 2025

          ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့၊ နေ့လယ် (၁၄း၀၀) နာရီအချိန်တွင် တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ Thursday Talk ကျင်းပပြုလုပ်ခဲ့ရာ ထားဝယ်၊ မြိတ်၊ ကော့သောင်းခရိုင် ဦးစီးမှူးရုံးများမှ ဝန်ထမ်းများ တက်ရောက်ခဲ့ပါသည်။

06 Feb 2025

             ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ကော့သောင်းမြို့ သီရိမြိုင်ရပ်ကွက် အဝေးပြေးယာဉ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့် Myanmar Oil Alliance Co.,ltd ကုမ္မဏီမှ တင်ပို့ရောင်းချသည့် စားအုန်းဆီ(၅၆)ပေပါ တို့ကို ယာဉ်အမှတ် 8J/3558 ဖြင့် ဆီကန်မှထုတ်ယူပြီး ကော့သောင်း မြို့သို့ (၆.၂.၂၀၂၅) ရက်နေ့တွင် ရောက်ရှိလာမှုအား ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် တာဝန်ရှိသူများနှင့် အတူသွား ရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

06 Feb 2025

              စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးရှိ စားသုံးသူ ရေးရာဌာနခွဲတာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ အုတ်ဖိုမြို့နယ်တာဝန်ခံနှင့် တာဝန် ရှိသူတို့သည်  (၅.၂.၂၀၂၄) ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် အုတ်ဖိုမြို့အတွင်းရှိ စားအုန်းဆီ လက်လီ/လက်ကား ရောင်းချနေသော ကုန်စုံဆိုင်များအား သွားရောက်ကွင်းဆင်းစစ်ဆေးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

06 Feb 2025

          စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ဦးစီးမှူးရုံး လက်အောက်ရှိ ကျွန်းလှမြို့နယ် တာဝန်ခံသည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ(၅)ရက်နေ့ နံနက်(၀၈;၃၀)နာရီ အချိန်တွင်  ကျွန်းလှ မြို့နယ်၊  စံပြကျေးရွာ အလယ်တန်းကျောင်းတွင်  စားသုံးသူအကာအကွယ်ပေးရေး အသိ ပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။

06 Feb 2025

၆.၂.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် မွန်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် မော်လမြိုင်ပညာရေးဒီဂရီကောလိပ်နှင့် အစိုးရစက်မှု လက်မှုသိပ္ပံကျောင်းတို့ရှိ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် အဆောင်နေ ကျောင်းသား၊ ကျောင်းသူများကို သက်သာသောဈေးနှုန်းဖြင့် အခြေခံစားကုန်များ ရောင်းချရာတွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Pages