Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
06 Feb 2025

              စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးများသည် ဈေးကွက် အတွင်းရောင်းချနေသော  ကုန်ပစ္စည်းများနှင့်ဆေးဝါးများ ဝယ်ယူသုံးစွဲကြသည့် စားသုံးသူများ ထိခိုက်နစ်နာမှုများ မဖြစ်ပေါ်စေရေးအတွက် ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်လျက်ရှိရာ မိတ်ဖက်ဌာနများက ဈေးကွက်အတွင်းကွင်းဆင်းစစ်ဆေးရာတွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးနိုင်ပါရန် ညှိနှိုင်းလာပါကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပါသည်။

06 Feb 2025

             စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် (၅.၂.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် သနပ်ပင်မြို့အတွင်းရှိ လက်လီ/လက်ကား ရောင်းချနေသောဆန်ဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

06 Feb 2025

               ဖျာပုံမြို့ စည်ပင်သာယာရေး ဈေးခေါင်းရုံးတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၅) ရက်နေ့တွင် ကုန်စုံဆိုင်အပါအဝင် ဈေးသူ/သား (၂၆) ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာများ  အသိပညာပေး ဟောပြော ခဲ့ကြောင်းသိရသည်။

06 Feb 2025

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံ ဦးမင်းဇော်သည် နှစ်စဉ်နှစ်တိုင်းကျင်းပလျက်ရှိ‌သော (အ.ထ.က-၁) ကျောင်းရှိ မြို့နယ်အဆင့် ဆင့်ပွားနည်းပြသင်တန်းကျောင်း၌ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ (၄)ရက်နေ့ နံနက် (၁၄:၀၀)နာရီတွင်ဆရာ/ဆရာမ(၈၂)ဦးအား   စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြော ခဲ့သည်။                                                                                                                                              

06 Feb 2025

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်သည် နှစ်စဉ်နှစ်တိုင်းကျင်းပလျက်ရှိ‌သော (အ.ထ.က-၁) ကျောင်းရှိ မြို့နယ်အဆင့် ဆင့်ပွားနည်းပြသင်တန်းကျောင်း၌ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ (၄)ရက်နေ့ နံနက် (၁၁:၀၀)နာရီတွင်ဆရာ/ဆရာမ(၆၀)ဦးအား   စားသုံးသူကာကွယ်ရေး အသိ ပညာပေး ဟောပြောခဲ့သည်။                                                                                                                                              

Pages