သတင်းနှင့် လှုပ်ရှားမှုများ
၇.၁၀.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ကျိုက်ထိုမြို့နယ်၊ အ.ထ.က (၁) ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံးသူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ ညွှန်ကြားချက်များနှင့်ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည

မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၇.၁၀.၂၀၂၄) ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ဆရာစံရပ်ကွက်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်ကွင်းဆင်း စစ်ဆေးခဲ့သည်။

စားသုံးသူရေးရာဦးစီးဌာနမှ ကျောင်းသား/ ကျောင်းသူများအား စားသုံးသူအခွင့်အရေးအပြည့်အဝရရှိရန်နှင့် နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ တောင်းဆိုရယူတတ်စေရန်ရည်ရွယ်၍ အခြေခံအထက်တန်းကျောင်းများ၌ အသိပညာပေးဟောပြောခြင်းများဆောင်ရွက်လျက်ရှိရာ (၇-၁၀-၂၀၂၄)ရက်နေ့၊ နံနက် ၁၀း၀၀ နာရီအချိန်တွင် ဓနုဖြူမြို့၊ သပြု(အ.ထ.က)ရှိ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူ(၂၂၁)ဦးနှင့် ဆရာ/ဆရာမ ၈ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းများဆောင်ရွက်ပေးခဲ့သည်။

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် မွန်ပြည်နယ်အစိုးရအဖွဲ့၏ညွှန်ကြားချက်အရ ဈေးကွက်တွင်ဖြစ်ပေါ်နေသည့် ဆေးဝါးများ၏ဈေးနှုန်းအခြေအနေအား ၈.၁၀.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မော်လမြိုင်မြို့ရှိ K-Mart၊ Ocean Supercenter၊ ဝံဈေး၊ ဇာနည်သျှမ်းဆေးဆိုင်တို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
