သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည်(၄.၂.၂၀၂၅)ရက်နေ့ နေ့လည်(၁၄:၀၀) အချိန်တွင် ဇလွန်မြို့၊ အဒါးလမ်း၊ ညောင်ပင်ဈေးရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာ အထက် တန်းကျောင်း တွင် ဖွင့်လှစ်သော စဉ်ဆက်ပညာရေးလုပ်ငန်းမြို့နယ်အဆင့်နည်းပြသင်တန်းတွင် စားသုံးသူကာကွယ်ရေး ဥပဒေဆိုင်ရာ သိကောင်းစရာအကြောင်းများအား အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် (၄.၂.၂၀၂၅)ရက်နေ့ နေ့လည် (၁၅:၀၀) အချိန်တွင် မြန်အောင်မြို့၊ မြို့မတဲကြီးကုန်းရပ်ကွက်၊ သဘာဝမီးစက်ကြီးလမ်းရှိ မြို့နယ် ပညာရေးမှူးရုံး၌ ၂၀၂၅ ခုနှစ် စဉ်ဆက်ပညာရေးလုပ်ငန်း မြို့နယ်အဆင့်နည်းပြသင်တန်းတွင် ဆရာ/ဆရာမ(၇၂)ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများအကြောင်း အသိပညာ ပေးဟောပြောခြင်းကို ဆောင် ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန ၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည်(၅.၂.၂၀၂၅)ရက်နေ့ ၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ဟင်္သာတမြို့ပေါ်ရပ်ကွက်ရှိ စားအုန်းဆီ ရောင်းချနေ သော ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊မြန်အောင်မြို့နယ်ဦးစီးမှူးသည်(၅.၂.၂၀၂၅)ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ မြန်အောင်မြို့၊ နေခြည်ဈေးအတွင်းရှိ ဆန်ဆိုင် များအား မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ သတ်မှတ်ထုတ်ပြန်ထားသည့် ဈေးနှုန်းအပေါ် မြှင့်တင် ရောင်းချမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ အငယ်တန်းစာရေးသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၅.၂.၂၀၂၅)နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် အင်္ဂပူမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းတွင် ဆရာ၊ဆရာမ နှင့် ကျောင်းသား၊ကျောင်းသူ(၆၅)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းနှင့် လူငယ်ရေးရာအသိ ပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ပါသည်။
