သတင်းနှင့် လှုပ်ရှားမှုများ
၆.၁၀.၂၀၂၄ ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မော်လမြိုင်မြို့၊ စက်မှုဇုန်အတွင်းရှိ မွန်တိုင်းရင်းသားဝတ်စုံနှင့် အထည်များထုတ်လုပ်သည့် စက်ပန်းထိုးနှင့် အထည်ချုပ် လုပ်ငန်းစက်ရုံ (၃) ရုံအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် အောက်တိုဘာလ(၁)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်၌ အမှတ်(၄)ရပ်ကွက်၊ ဘဒလင်ကျောင်းကြီးလမ်းရှိ အ.ထ.က (မြန်အောင်)ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချသော မုန့်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

အောက်တိုဘာလ(၃)ရက်နေ့၊ နေ့လယ်(၁၂:၃၀)နာရီအချိန်တွင် ဇလွန်မြို့နယ်ဦးစီးမှူးသည် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဇလွန်မြို့နယ်၊ ရွှေကျောင်းကျေးရွာအုပ်စုရှိ အ.ထ.က(၅) ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချသော မုန့်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၇)ရက်နေ့၊ နံနက် (၁၁း၁၅) နာရီအချိန်တွင် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် ဝန်ထမ်းများသည် ထားဝယ်မြို့၊ ဥဿရံရပ်ရှိ ရွှေဥသြထားဝယ်ရိုးရာ လုံချည်နှင့် ချည်ထည်အမျိုးမျိုး စက်ယက္ကန်းလုပ်ငန်းလုပ်ကိုင်သည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်ဦးစီးမှူးသည် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ (၃-၁၀-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၃၀)နာရီအချိန်၌ ကြံခင်းမြို့၊ ရေနံတောင်ကျေးရွာအုပ်စုရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ဆရာ/ ဆရာမနှင့် ကျောင်းသား/ ကျောင်းသူ ၂၄၀ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းဆောင်ရွက်ခဲ့ပါသည်။
